Saturday, October 31, 2015

ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အိန္ဒိယနှင့် အာဖရိက ပူးပေါင်းဆောင်ရွက်မည်


The Mirror Daily's photo.
နယူးဒေလီ အောက်တိုဘာ ၃ဝ
ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသည် အာဖရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်နရိန္ဒြာမိုဒီက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားသည်။
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ၌ ပြုလုပ်သော အိန္ဒိယ-အာဖရိက ထိပ်သီးညီလာခံသို့ တက်ရောက်လာသော ခေါင်းဆောင်များအား မိုဒီက မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ခေတ်ပြိုင်သမိုင်းတွင် ကမ္ဘာ့နိုင်ငံများသည် နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ အသွင်ကူး ပြောင်းမှုများကို လျင်မြန်စွာ ပြုလုပ်လျက်ရှိကြောင်း၊ လုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂပြုပြင်ပြောင်းလဲ ရေးနှင့်ပတ်သက်၍ အိန္ဒိယနှင့် အာဖရိကနိုင်ငံများသည် တူညီသောသဘောထားရပ်တည်ချက်ဖြင့် တောင်းဆိုကြရန် လိုအပ်ကြောင်း မိုဒီက ပြောကြားသည်။
အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုများပြားလာပြီး တည်ငြိမ်မှုကို ခြိမ်းခြောက်လာမှုများ တိုးပွားလာချိန်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းအတွက် အိန္ဒိယနှင့် အာဖရိကနိုင်ငံများ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မိုဒီက ပြောကြားသည်။ ဆင်ဟွာ။

No comments:

Post a Comment