Thursday, October 29, 2015

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေး




နေပြည်တော် အောက်တိုဘာ ၂၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းကျင်းပသော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း အကောင်အထည်ဖော်ရေး အတွက် ပစ္စည်းဝယ်ယူရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကို အောက်တိုဘာ ၂၇ ရက်က နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟ ဟိုတယ်၌် ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး အမှု ဆောင်ကော်မတီဥက္ကဋ္ဌပြည်ထောင်စု ဝန်ကြီးဦးခင်မောင်စိုးက မြန်မာနိုင်ငံ တွင် အိမ်ထောင်စုသုံးသန်းသာ လျှပ်စစ်မီးရရှိသေးကြောင်း၊ မြန်မာ နိုင်ငံရှိ အိမ်ထောင်စုတိုင်း လျှပ်စစ် မီး သုံးစွဲနိုင်ရန်အတွက် မဂ္ဂါဝပ် ၇ဝဝဝ မှ ၈ဝဝဝ ခန့် လိုအပ်ကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်စီမံကိန်း များ ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ယခု ကမ္ဘာ့ဘဏ်ချေးေ ငွ သန်း ၄ဝဝ သည် အိမ်ထောင်စု ခုနစ်သိန်းခွဲခန့်ကို လျှပ်စစ်ဓာတ်အား ရရှိစေနိုင်ပါကြောင်း၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း အစီရင်ခံစာအရ အိမ်ထောင်စု ၇ ဒသမ ၂ သန်းကို လျှပ်စစ်ဓာတ်အား ဆက်သွယ်ပေးရန်အတွက် လိုအပ် သော ရင်းနှီးမြှုပ်နှံငွေမှာအမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြစ် ကြောင်း၊ ပထမငါးနှစ် စီမံကိန်းကာလ အတွင်း အိမ်ထောင်စု ၁ ဒသမ ၇ သန်း လျှပ်စစ်ဓာတ်အား ရရှိရန် အတွက် အမေရိကန်ဒေါ်လာသန်း ၆၇ဝ လိုအပ်ကြောင်း၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း အကောင်အထည်ဖော်ရန် လိုအပ် သော ငွေကြေးများအနက် ကမ္ဘာ့ ဘဏ်အဖွဲ့အနေ ဖြင့် International Development Association (IDA)ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ကို ထုတ်ချေးပေးရန် သဘောတူညီပြီးဖြစ်ကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲတွင် ပွင့်လင်း မြင်သာသော ဆွေးနွေးမှုများမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်းအကောင် အထည်ဖော်ရေးအတွက် ပစ္စည်းဝယ် ယူရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ကမ္ဘာ့ ဘဏ်အုပ်စု၏ စွမ်းအင်ပညာရှင် Ms.Xiaoping Wang က ပြောကြား ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment