Saturday, October 31, 2015

ရွန်းနီ၏ ပင်နယ်တီကန်ချက်ကို ကာကွယ်နိုင်ခဲ့သည့် လျှို့ဝှက်ချက်ကို မစ်ဒယ်ဘရော့ဂိုးသမားမေ့ဂျက်ဇ် ထုတ်ပြောပြီ




မန်ယူနှင့် မစ်ဒယ်ဘရော့တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကပ်ပီတယ်ဝမ်းဖလားပြိုင်ပွဲတွင် ရွန်းနီ၏ ပင်နယ်တီ ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့သည့် မစ်ဒယ်ဘရော့ဒ်ဂိုးသမားမေ့ဂျက်ဇ်က ယခုကဲ့သို့ ကာကွယ်မှုပြုလုပ် နိုင်ခဲ့ခြင်းမှာ အသင်းဖော်စတီးဝပ်ဒေါင်းနင်း၏ အကြံပေးမှုကြောင့်ဖြစ်ကြောင်း ထုတ်ဖ်ာပြောကြားလိုက် သည်။ ယင်းပွဲစဉ်တွင် မိနစ်၁၂ဝ ပြည့်မြောက်သည်အထိ ဂိုးမရှိသရေကျနေသောကြောင့် ပင်နယ်တီအဆုံး အဖြတ်ခံယူရာ မစ်ဒယ်ဘရော့က မန်ယူအား သုံးဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်သို့တက်ရောက် သွားနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် သူရဲကောင်းဖြစ်ခဲ့သော မစ်ဒယ်ဘရော့ ဂိုးသမားမေ့ဂျက်ဇ်က ရွန်းနီနှင့် အက်ရှ်လေယန်းတို့၏ ပင်နယ်တီကန်သွင်းချက်များကို ယခုကဲ့သို့ ကာကွယ်နိုင်ခြင်းမှာ အသင်းဖော် ဒေါင်းနင်း ၏ အကြံပေးချက်ကြောင့်သာဖြစ်ကြောင်း ပြောကြားလိုက်သည်။
'' ရွန်းနီက ပင်နယ်တီကန်ရင်အမြဲညာဘက်ကိုပဲ ကန်တယ်လို့ ဒေါင်းနင်းက ကျွန်တော့်ကိုပြောခဲ့တယ်။ကျွန်တော်လည်းသူပြောတဲ့ အတိုင်းလိုက်နာပြီး ကာကွယ်မှုပြုခဲ့တာပါ။ အမှန်အတိုင်းပြောရရင် ကျွန်တော် တို့အသင်းက ပင်နယ်တီကို အမြဲတမ်းတကူးတကလေ့ကျင့်ခဲ့တာမျိုးမရှိပါဘူး။ ဒါပေမယ့် မန်ယူနဲ့ ကစားရင် ပင်နယ်တီအထိ အချိန်ဆွဲနိုင်မှာကို သိတာကြောင့် ဒီအပတ်ထဲတော့ ပင်နယ်တီကိုသေချာကျင့်ခဲ့ပါတယ်'' ဟု မေ့ဂျက်ဇ်က ထုတ်ဖော်ပြောကြားလိုက်သည်။
မေ့ဂျက်ဇ်က သူသည် ရီးယဲလ်မှာရှိစဉ်ကတည်းက လေ့ကျင့်ရေးကွင်းများတွင် စီရိုနယ်လ်ဒို၏ ကန်ချက် တွေကိုလည်း အကြိမ်ကြိမ်ကာကွယ်နိုင်ခဲ့သူဖြစ်သည့်အတွက် သူသည် ကမ္ဘာ့အကောင်းဆုံးကစားသမားများ၏ ကန်သွင်းချက်ကို အကြိမ်ကြိမ်ကာကွယ်နိုင်ခဲ့သူဟု ၄င်းကိုယ်၎င်း ဂုဏ်ယူဝင့်ကြွားစွာဆိုခဲ့သည်။
[မေလဲ့သင်း]

No comments:

Post a Comment