နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည်
ရုရှား-မြန်မာ ပူးတွဲ ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ အလက်ဇန်ဒါ ဖိုမင် ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်
သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဦးဇင်ယော်နှင့် ဒေါ်လဲ့လဲ့သိန်းတို့ တက်ရောက်ကြပြီး ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Vasily Pospelov လည်း တက်ရောက်သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ ကဏ္ဍများတွင် အသုံးပြုနိုင်ရန်အတွက် ရဟတ်ယာဉ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

(သတင်းစဉ်)
No comments:
Post a Comment