Tuesday, September 29, 2015

ကုလသမဂ္ဂမိန့်ခွန်းများတွင် ဆီးရီးယားပြဿနာနှင့် ရွှေ့ပြောင်းဒုက္ခသည်များအရေး အလေးထား



The Mirror Daily's photo.


နယူးယောက် စက်တင်ဘာ ၂၈

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပလျက်ရှိ သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များသည် ၎င်းတို့၏မိန့်ခွန်းများတွင် ဆီးရီးယားပြည်တွင်းစစ် ပြဿနာနှင့် ရွှေ့ပြောင်းဒုက္ခသည်များပြဿနာကို အလေး ထားဆွေးနွေးပြောကြားဖွယ်ရှိသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကုလသမဂ္ဂအထွေထွေ ညီလာခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အစီရင်ခံစာဖြင့် စက်တင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပခဲ့ သည်။ အဆိုပါညီလာခံသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ ခေါင်းဆောင် ၁၅ဝ ကျော် တက်ရောက်ခဲ့သည်။ ယခု နှစ်သည် ကုလသမဂ္ဂအဖွဲ့ကြီးတည်ထောင်သည့် နှစ် ၇ဝ ပြည့်အထိမ်းအမှတ်နှစ်ဖြစ်သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ တရုတ် သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂွန်ဟေးတို့သည် စက်တင်ဘာ ၂၈ ရက်တွင် မိန့်ခွန်းပြောကြားခဲ့ကြသည်။ ယင်းသို့ မိန့်ခွန်းများပြောကြားရာတွင် ဆီးရီးယားနိုင်ငံနှင့် အခြား ဒေသများမှ ရွှေ့ပြောင်းဒုက္ခသည်များအရေးနှင့် ဆီးရီးယား နိုင်ငံတွင်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အခြေအနေတို့ကို အလေးထားပြောကြားဖွယ်ရှိသည်။ နောက်ထပ် အလေးထားဆွေးနွေးပြောကြားမည့် အကြောင်းအရာမှာ ကမ္ဘာကြီးပူနွေးလာမှုအကြောင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စက်တင်ဘာ ၂၉ ရက်တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားပြီး ညီလာခံကို အောက်တိုဘာ ၃ ရက်ထိ ကျင်းပသွားရန် စီစဉ်ထားသည်။

အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment