Tuesday, September 29, 2015

ဂျပန်နိုင်ငံမှ ပေးပို့လှူဒါန်းသည့် ရထားတွဲဆိုင်း ရန်ကုန်-ကြည့်မြင်တိုင်-ပဲခူးလမ်းပိုင်းအား စတင်စမ်းသပ်ပြေးဆွဲ




The Mirror Daily's photo.


ရန်ကုန် စက်တင်ဘာ ၂၈

ဂျပန်နိုင်ငံ East Japan Railway ကုမ္ပဏီမှ မြန်မာ့မီးရထားသို့ ပေးပို့လှူဒါန်းသည့် ဂျပန် ယန်း ၁ဝဝ တန် RBE ( DMUs) ခြောက်စီးပါ RBE ရထားတွဲဆိုင်းမှာ ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်-ကြည့်မြင်တိုင်-ပဲခူး လမ်းပိုင်းအား ခရီးသည်မတင်ဆောင်ဘဲ စတင်စမ်းသပ်ပြေးဆွဲခဲ့သည်။

ဂျပန်နိုင်ငံ East Japan Railway ကုမ္ပဏီမှ မြန်မာ့မီးရထားသို့ ပေးပို့ လှူဒါန်းမည့် RBE ( DMUs) ၁၉ စီးအနက် ခြောက်စီးနှင့်နည်းပညာ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်ဘူတာကြီးရှိ စခန်းသာအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံ သံအမတ်ကြီးတို့မှ အမှာစကားများပြောကြားကြသည်။

ထို့နောက်မှ East Japan Railway မှ Deputy President TAKAO NISHIYAMA က မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းအား DMU များနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေး အပ်ခဲ့သည်။

ဂျပန်နိုင်ငံသံအမတ်ကြီးက ''အာရှနိုင်ငံတွေထဲမှာ မြို့ပတ်ရထားများ ပြေးဆွဲနေတာကတော့ ရန်ကုန်မြို့နဲ့တိုကျိုမြို့ဆိုတဲ့ မြန်မာနှင့်ဂျပန်နိုင်ငံတို့ ပဲရှိတာပါ။ ရထားလမ်းပိုင်းတည်ဆောက်ထားမှုနှစ်ကာလနှင့် ပမာဏကလည်း နှစ်နိုင်ငံစလုံးတူညီကြပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအရှည် က ၄၈ ဒသမ ငါးကီလိုမီတာအရှည်ရှိတယ်လို့သိရပါတယ်။မြန်မာနိုင်ငံကဲ့ သို့ ကောင်းမွန်ထူးခြားအသုံးပြုနိုင်သော အခြေခံအဆောက်အအုံများဟာ အခြားနိုင်ငံများမှာမရှိပါဘူး။ တိုကျိုမြို့မှာဆို ရထားစီးခရီးသည်က နိုင်ငံ့လူဦး ရေရဲ့ ၆ဝ ရာခိုင်နှုန်းရှိပါတယ်။ ရန်ကုန်မြို့မှာတော့ ရထားစီးခရီးသည် တစ်ရက်ကို ခုနစ်သောင်းဝန်းကျင်ရှိတော့ တိုကျိုမြို့နဲ့နှိုင်းယှဉ်ရင် ရထားစီးခရီးသည်က နည်းပါးပါတယ်။ နောက်ပိုင်းဆို ရန်ကုန်မြို့မှာ စီးပွားရေးပိုမိုတိုးတက် လာမှာဖြစ်ပြီး ခရီးသွားပြည်သူများ ပိုမိုများပြားလာမှာဖြစ်ပါတယ်။ အဲဒီအခါမှာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့အတွက်ရထားလုပ်ငန်းများချဲ့ထွင်ဖို့ မဖြစ် မနေလိုအပ်ပါတယ်။ အဲဒီတော့ ဒီမှာက လက်ရှိရထားအသုံးပြုသူ ၁ ရာခိုင်နှုန်း နဲ့ ကားအသုံးပြုသူ ၆ဝ ရာခိုင်နှုန်း ဖြစ်နေတာဆိုတော့ အနာဂတ်ကာလမှာ ရထား အသုံးပြုသူ ၆ဝ ရာခိုင်နှုန်းဖြစ်လာမယ်လို့ ကျွန်တော့်အနေနဲ့ ဆုတောင်းမိပါ တယ်။ ဒါကြောင့် လက်ရှိကျွန်တော်တို့ဂျပန်နိုင်ငံက ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့်တင်ရေးသာမကဘဲ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများပါ ကူညီထောက်ပံ့ပြီးတော့မြန်မာနိုင်ငံရဲ့ရထားပို့ဆောင် ရေးကဏ္ဍအဆင့်မြှင့်တင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်း ရထားတွဲဆိုင်းများသာမက ရထားတွဲများထိန်းသိမ်းရေးအတွက် နည်းပညာများပါ သင်ကြားပေးသွားမှာပါ။ JREAST အနေနဲ့ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနကို အထူးကျေးဇူးတင်ရှိတယ်လို့ပြောကြားလိုပါတယ်''ဟု ပြောကြားသည်။

မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ(အောက်မြန်မာပြည်) ဦးထွန်း အောင်သင်းကလည်း ''ဂျပန်နိုင်ငံကနေပေးပို့လှူဒါန်းမယ့် ၁၉ စီးထဲကနေ ခြောက် စီးကိုတွဲဆိုင်းပြုလုပ်ပြီး မြို့ပတ်လမ်းပိုင်းမှာပြေးဆွဲပေးသွားမှာပါ။ ဒါပေမယ့် ဒီတွဲဆိုင်းကတော့ အဲကွန်းမပါပါဘူး။ ပန်ကာပါရှိပါတယ်။ ဒီတော့ ဒီတွဲဆိုင်းကို မြို့တစ်ပတ်ပတ်မယ့် မြို့ပတ်လမ်းပိုင်းမှာပဲ အစားထိုးထည့်သွင်းပြေးဆွဲသွား မှာပါ။ ရထားလက်မှတ်ခ သတ်မှတ်နှုန်းထားကလည်း အရင်နှုန်းထားအတိုင်း လက်မှတ်တစ်စောင်ကို ငွေကျပ်၂ဝဝ နှုန်းနဲ့ ရထားစီးခရီးသည်များအတွက်ရောင်းချပေးသွားမှာပါ။ ရထားတွဲတစ်တွဲကိုတော့ မြန်မာငွေကျပ်သိန်းတစ် ထောင်ရှိပါတယ်။ အရင်ကလည်း မြန်မာ့မီးရထားကို ဂျပန်နိုင်ငံကရထားတွဲများ လှူဒါန်းခဲ့ပါတယ်။ မြန်မာ့မီးရထားမှ ဂျပန်နိုင်ငံက ဝယ်ယူတင်သွင်းတာနဲ့ ဂျပန်နိုင်ငံကပေးပို့လှူဒါန်းတာ အားလုံးပေါင်းလိုက်ရင် စုစုပေါင်း ရထားတွဲ ၂၃၇ တွဲရှိသွားပါပြီ''ဟု ယနေ နံနက်ပိုင်းက RBE ရထားတွဲဆိုင်းစမ်းသပ် မပြေးဆွဲမီရှင်းပြသည်။

လက်ရှိရန်ကုန်မြို့ပတ်ပြေးဆွဲနေသော မြို့ပတ်တွဲဆိုင်း ၂၃ တွဲရှိပြီး East Japan Railway ကုမ္ပဏီနှင့် Japan Railway Central ကုမ္ပဏီ တို့မှပေးပို့လှူဒါန်းမည့် ရထားတွဲ ၃၁ စီး အနက် တွဲပေါင်း ၁၈ စီးရောက်ရှိပြီး ၁၃ စီး ကျန်ရှိသေးကြောင်း၊ ဂျပန်နိုင်င JICA နှင့် ပူးပေါင်း၍ ရေရှည်Urban Transport စီမံကိန်းအရ ရန်ကုန်မြို့ပတ်လမ်းပိုင်းအား အဆင့်မြှင့် တင်ခြင်းနှင့် လမ်းပိုင်းများတိုးချဲ့ခြင်း စီမံကိန်းများရှိနေရာ လက်ရှိ JICA မှ ကြီးကြပ်ဆောင်ရွက်၍ မြန်မာ့မီးရထားမှ အင်ဂျင်နီယာများဖြင့် ရန်ကုန်-တောင်ငူ၊ တောင်ငူ-ရမည်းသင်း၊ ရမည်းသင်း-မန္တလေးလမ်းပိုင်းများကို အဆင့် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းက ရန်ကုန်-ကြည့်မြင်တိုင်-ပဲခူးလမ်းပိုင်းအား စတင်စမ်းသပ်ပြေးဆွဲခဲ့သော တွဲပေါင်း ခြောက်တွဲပါ မြို့ပတ် တွဲဆိုင်းမှာ တစ်တွဲလျှင်ထိုင်စီး၊ ရပ်စီး ခရီးသည်ဦးရေ ၁ဝဝ လိုက်ပါစီးနင်း နိုင်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

(ဝ၄ဝ)

No comments:

Post a Comment