နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ရုရှား-မြန်မာ ပူးတွဲကော်မရှင်ဥက္ကဋ္ဌ မစ္စတာ အလက်ဇန်ဒါ ဖိုမင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဦးဇင်ယော်နှင့်ဒေါ်လဲ့လဲ့သိန်းတို့ တက်ရောက်ကြပြီး ဧည့်သည်တော်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးH.E.Mr.Vasily Pospelov လည်း တက်ရောက်သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာကဏ္ဍများတွင် အသုံးပြုနိုင်ရန်အတွက် ရဟတ်ယာဉ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု များမြှင့်တင်ရေးနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment