Wednesday, September 2, 2015

ကျောက်ဆည်မြို့နယ်တွင် ရိုးများတူးဖော်ပေးမှုကြောင့်ရေနက်ကွင်း စိုက်ဧက ၂၇ ဧက အသစ်ပေါ်ထွက်ပြီး မိုးစပါး ရေနစ်မြုပ်ဧက ၉၄၂ ဧကကို ကာကွယ်ပေးနိုင်ပြီ



ကျောက်ဆည် စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့နယ်သည် ဆည်ရေ ဖြင့် စပါးသီးနှံအများဆုံး စိုက်ပျိုး သောမြို့နယ်ဖြစ်ပြီး ယခုအခါ စိုက်ပျိုး ရေအတွက် ဖောက်လုပ်ထားသော ရိုးများ၊ မြောင်းများသည် နှစ်ကာလ ကြာလာသည့်အတွက် သဲ၊ နုန်းများ တင်ကျန်ရစ်ပြီး မိုးရာသီတွင် ရေလျှံမှုများဖြစ်ပေါ်ကာ စပါးစိုက်ခင်း များ ဆုံးရှုံးလျက်ရှိသည်။ ထို့ကြောင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရ (သာမန်) ရန်ပုံငွေဖြင့် မြင်းကဘတ်ရိုး၊ ယင်းငိုရိုး၊ ကျွဲဆွဲလွှဲရိုး၊ အာကာရှင်မရိုး၊ နဂါးပတ်ရိုးတို့ကို ပြန်လည်တူးဖော် ခြင်းလုပ်ငန်းများအား မျိုးကျော်လင်း၊ွသိုနညွှမနန ကုမ္ပဏီတို့က တာဝန် ယူဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
မြင်းကဘတ်ရိုးသည် အရှည်ပေ ၂၇၅ဝဝ ရှိပြီး မြေကြီးကျင်း ၈၈၁ဝ တူးဖော်ပေးမှုကြောင့် မိုးစပါးစိုက် ဧက ၁၂ဝဝ ရှိသည့်အနက် ရေမြုပ် ဧက ၃ဝဝ ကို ကာကွယ်ပေးနိုင်ခဲ့ပြီး အရှည်ပေ ၂ဝ၂ဝဝ ရှိ ယင်းငိုရိုးအား မြေကြီး၁၄၇၈၄ ကျင်း တူးဖော်ပေးမှု ကြောင့် မိုးစပါးစိုက်ဧက ၂၂ဝဝ ရှိသည့်အနက် ရေနစ်မြုပ်ဧက ၁၄၂ ဧကကို ကာကွယ်ပေးနိုင်ခဲ့သည်။ ထို့ အပြင် အရှည်ပေ ၁၅ဝဝဝ ရှိသည့် ကျွဲဆွဲလွှဲရိုးအား မြေကြီး ၅၇၅၇ ကျင်း တူးဖော်ပေးမှုကြောင့် မိုးစပါးစိုက်ဧက ၃ဝဝဝ ရှိသည့်အနက် ရေနစ်မြုပ်ဧက ၁၅ဝနှင့် ရေနက်ကွင်း စိုက်ဧကအသစ် ၁ဝဝ ပေါ်ထွက်လာခဲ့သည်။ ပေအရှည် ၁၄၅ဝဝရှိသည့် အာကာရှင်မရိုးအား မြေကြီး၁၃၂၉၇ ကျင်း တူးဖော်ပေး မှုကြောင့် မိုးစပါးစိုက်ဧက ၁ဝဝဝ ရှိသည့်အနက် ရေနစ်မြုပ်ဧက ၁၅ဝ နှင့် ရေနက်ကွင်းစိုက်ဧက အသစ် ၁ဝ၄ ဧက ပေါ်ထွက်လာပြီး အရှည်ပေ ၃၅ဝဝဝရှိ နဂါးပတ်ရိုးအား မြေကြီး၃ဝ၆၂၇ ကျင်း တူးဖော်ပေးမှု ကြောင့် မိုးစပါးစိုက်ဧက ၂၅ဝဝ ရှိသည့်အနက် ရေနစ်မြုပ်ဧက ၂ဝဝ ကို ကာကွယ်ပေးနိုင်သည့်အပြင် ရေနက်ကွင်းစိုက်ဧက အသစ် ၇၈ ဧကကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
လွှဲရိုးများ ပြန်လည်တူးဖော်ပေးမှု ကြောင့် သက်ဆိုင်ရာ ရိုးရေသောက် တောင်သူများ ရေကိုလွယ်ကူစွာ သုံးစွဲနိုင်ပြီး ရေနက်ကွင်းစိုက်ဧက အသစ်များ တိုးပွားလာမှုကြောင့် များစွာအဆင်ပြေမည်ဖြစ်ပြီး ယခင် မိုးစပါးတစ်သီးသာ စိုက်နိုင်ခဲ့ရာမှ ယခုအခါ သုံးသီးသို့ တိုးချဲ့စိုက်ပျိုး နိုင်ပြီဖြစ်ကြောင်း သိရသည်။
(၆၁၆)

No comments:

Post a Comment