Wednesday, September 30, 2015

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ





နေပြည်တော် စက်တင်ဘာ ၂၉
တာမခန်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၅ ရက်က ဖားကန့်မြို့နယ် ခိုမကျေးရွာ ညောင်ပင်ကုန်းရပ်ရှိ အောင်ကျော်စိုး ၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၄ဝဝ ကိုလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်က ကော့ သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် မြရည်ပုလဲလမ်း ရွှေနှင်းဆီ စားသောက်ဆိုင်တွင် ရောက်ရှိနေသူ တင်နွယ်အား ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၆ ပြား သိမ်းဆည်းရမိခဲ့ သည်။
စစ်ဆေးချက်အရ အမှတ်(၁ဝ၉/ ၄)ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၅၉၂ ပြား၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေကျပ် ၁၅ သိန်းတို့ကို လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၈)ရပ်ကွက် ဇာဒက်ကြီး ကျွန်းလမ်း (မ/၂၁) နေ မဥမ္မာမြင့်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၇၃ ပြား၊ ငွေကျပ် ၄ဝဝဝဝ နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားသည်။
(ကြေးမုံ)

No comments:

Post a Comment