Friday, August 28, 2015

ခိုခေးလမ်းကြားတွင် ၁၂ ဘီးယာဉ်ပေါ်မှ တရားမဝင်သယ်ဆောင်လာသော နွားများ သိမ်းဆည်းရမိ




မူဆယ် သြဂုတ် ၂၇
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ ကွပ်ကဲမှု အောက်ရှိMobile Team အဖွဲ့များ အနေဖြင့် တရားဝင် အကောက်ခွန်မဲ့ ပစ္စည်းများ၊ ကန့်သတ်ကုန်ပစ္စည်းများအား အကောက်ခွန်အမှုတွဲဖွင့်လှစ်၍ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိရာတွင် သြဂုတ် ၂၂ ရက်က မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်စခန်း ထုတ်နုတ် Mobile Team မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းမောင် ဦးစီးအဖွဲ့သည် မော်တောင်းရွာအနီး ခိုခေးလမ်းကြား ၌ 2C/...၁၂ ဘီးယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသော နွား ၂၅ ကောင်အား ယာဉ်၊ ယာဉ် နောက်လိုက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ နွား ၂၅ ကောင်နှင့် ယာဉ်အား လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန်အမှုတွဲ ဖွင့်လှစ်၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း ကာ နွားများအား မူဆယ်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံမည်ဖြစ်ပြီး ယာဉ် အား အကောက်ခွန် ဦးစီးဌာနသို့ အပ်နှံပြီး ယာဉ်နောက်လိုက်အား မူဆယ်မြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

(ကျော်မြင့်ဆန်း)

No comments:

Post a Comment