တောင်ငူ ဇူလိုင် ၃၁
တောင်ငူမြို့နယ် စပါးကြွယ် ကျေး ရွာ၌ တည်ဆောက်မည့် ၅ဝဝ ကေဗွီ
တောင်ငူပင်မဓာတ်အားခွဲရုံကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင် ချေနှင့်
လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်ချေများအကြောင်း ဆွေး နွေးပွဲကို
တောင်ငူမြို့ ဘုရင့်နောင် ခန်းမ၌ ဇူလိုင် ၂၉ ရက်က ပြုလုပ်ခဲ့ပြီး
ထိခိုက်နိုင်ချေများနှင့်ပတ်သက်၍ ဆန်းစစ်သဘောထားရယူခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း ဓာတ်အားပို့လွှတ်
ရေးစီမံကိန်း(တောင်ပိုင်း) စီမံကိန်း မန်နေဂျာ(၂) ဦးသန်းရွှေက စီမံကိန်း
ဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ အင်ဂျင်နီယာမှူး(မြို့
ပြ)ဦးသီဟန်ထွန်းက ဓာတ်အားခွဲရုံ မြေနေရာရရှိရေး ဆောင်ရွက်ခဲ့မှုများ
ကိုလည်းကောင်း ရှင်းလင်းပြောကြား သည်။ ထို့နောက် E-Guard Enviromental
Service Co.,Ltd မှ Consultant ဒေါ်မြတ်မွန်ဆွေက စီမံကိန်းဆိုင်ရာ ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး တက်ရောက်လာသူများက လိုအပ်သည်များကို အကြံပြုခဲ့သည်။ တောင်ငူပင်မဓာတ်အားခွဲရုံကို ၈၉ ဒသမ ၇၃ ဧကအကျယ်မြေပေါ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရ သည်။ မောင်ရွှေဝင်း(ပြည်)

No comments:
Post a Comment