Sunday, August 30, 2015

သီပေါမြို့မှ အမှိုက်များအား စက်ယန္တရားများအသုံးပြု၍ ရှင်းလင်း


The Mirror Daily's photo.

သီပေါ သြဂုတ် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့၏ အမှိုက်များစွန့်ပစ်ရာဌာနဖြစ်သောစံဖိတ်ကျေးရွာအုပ်စုအနီးရှိ အမှိုက်ကန်နှင့် အနီးပတ်ဝန်းကျင်၌ စည်းကမ်းမဲ့သူတချို့၏ အမှိုက်များစွန့်ပစ်မှုကြောင့် အမှိုက်သရိုက်များစုပုံညစ်ပေနေသည့်အတွက် သီပေါမြို့နယ်စည်ပင်သာယာရေးဌာနက စက်ယန္တရားကြီးများကိုငှားရမ်းအသုံးပြု၍ သြဂုတ် ၂၃ ရက်မှ ၂၅ရက်အထိ ရှင်းလင်းရေးလုပ်ငန်းများအထူးဆောင်ရွက်ခဲ့ရသည်။

အဆိုပါ စွန့်ပစ်အမှိုက်ကန်သည် သီပေါမြို့မှ သုံးမိုင်ခန့် စံဖိတ်ကျေးရွာအုပ်စုအနီးတွင် စီမံထားရှိပြီး တစ်မြို့လုံး၏အမှိုက်များကို ပို့ဆောင်စွန့်ပစ်ရာနေရာဖြစ်ခဲ့သည်။

၎င်းနေရာမှာ-သီပေါရောက်နိုင်ငံခြားသားခရီးသွားများ နှစ်သက်သည့်နမ့်တုပ်သဘာဝရေတံခွန်ကြီးသို့ သွားရောက်ရာ ကျောက်ချောကားလမ်းအနီးတွင် ရှိနေသည်။

''သီပေါမြို့တစ်မြို့လုံးရဲ့ စွန့်ပစ်တဲ့အမှိုက်တွေကို ကျွန်တော်တို့စည်ပင်ဌာနက အမှိုက်သိမ်းယာဉ်သုံးစီးနဲ့သယ်ယူစွန့်ပစ်ပေးနေတာပါ။ အချို့ကကိုယ်ပိုင်ကား၊ ထော်လာဂျီတို့နဲ့ အမှိုက်ပြစ်တာလည်းရှိပါတယ်။ အမှိုက်စွန့်ပစ်ကန်မှာ စနစ်တကျနဲ့စွန့်ပစ်သူရှိသလိုဖြစ်သလိုလမ်းဘေးမှာပဲ စည်းကမ်းမဲ့စွန့်ပစ်သူအချို့လည်း ရှိပါတယ်။

''အဲဒီလို စည်းကမ်းမဲ့စွန့်ပစ်အမှိုက်တွေများလာတော့ ခုလိုစက်ယန္တရားအကူအညီနဲ့ ရှင်းလင်းရတာဖြစ်ပါတယ်။ ဒီလမ်းကနေ နမ့်တုပ်သဘာဝရေတံခွန်ကို နိုင်ငံခြားသားဧည့်သည်တွေလည်းသွားလာနေတာမို့ အမှိုက်တွေသတ်မှတ်နေရာမှာ စနစ်တကျစွန့်ပစ်ပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်''ဟု သီပေါမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းဝင်းမြင့်က ပြောကြားခဲ့သည်။ သီပေါကိုလတ်

No comments:

Post a Comment