Sunday, August 30, 2015

ဂျပန်အမျိုးသားအာကာသဖွံ့ဖြိုးရေးအေဂျင်စီနှင့် မြန်မာနိုင်ငံအကြား အာကာသစူးစမ်းလေ့လာရေးပညာရပ်များ ရေရှည်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး



The Mirror Daily's photo.


နေပြည်တော် သြဂုတ် ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အာကာသစူးစမ်းလေ့လာရေးအသင်းဥက္ကဋ္ဌနှင့် Japan Aerospace Exploration Agency(JAXA) ဂျက်ဆာအာကာသယာဉ်မှူး အဖွဲ့၏ အကြီးအကဲဖြစ်သူ ဂျပန်အာကာသယာဉ်မှူး Mr.Soichi Noguchi အား ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ဂြိုဟ်တုမှ စောင့်ကြည့်လေ့လာ၍ အချိန်မီသိရှိနိုင်ရန် ကူညီဆောင်ရွက်နေမှု၊ ဂျပန်အမျိုးသားအာကာသ ဖွံ့ဖြိုးရေး အေဂျင်စီနှင့် မြန်မာနိုင်ငံအကြား အာကာသစူးစမ်းလေ့လာရေး ပညာရပ်များတွင် ရေရှည်ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနည်းပညာဆိုင်ရာ ဗဟုသုတ များရရှိရန် သင်တန်းများ၊ ဟောပြောပွဲများအပြင် ရေရှည်အစီအမံများ
ချမှတ်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦး၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဒေါက်တာစန်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment