Saturday, August 1, 2015

ရေကြီးနစ်မြုပ်နေသည့် ကလေးခရိုင်အတွင်းရှိဒေသများသို့ နိုင်ငံတော်မှ အရေးပေါ်သုံးကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိ



The Mirror Daily's photo.

မုံရွာ ဇူလိုင် ၃၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်သာမြစ်နှင့် နေရဉ္စရာမြစ်ရေ မြင့်တက်လာပြီး ဇူလိုင် ၃၁ ရက် ညနေအချိန်အထိ မြို့ပေါ် ရပ်ကွက် ခုနစ်ခုနှင့် ကျေးရွာ ၂၅ ရွာသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကလေးခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရာဇဂြိုဟ်ဆည်သည် ယနေ့ ညနေ ၃ နာရီခွဲအချိန်တွင် လက်ရှိရေအမှတ် ၆၅၃ ဒသမ ၂ ပေကို ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်မှာ ၆၅၅ ပေဖြစ်သဖြင့် ဆည်၏ ရေပိုလွှဲမှရေများလျှော့ချ ထုတ်လွှတ်လျက်ရှိကြောင်းနှင့် ညနေ ၆ နာရီခန့်တွင် ဆည်ရေ ၂ ပေ ခန့် ကျသွားပြီဖြစ်ကြောင်း သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလေးမြို့နယ်အတွင်းရှိ နတ်တံတား (သံကူကွန်ကရစ်)၊ ဇီးချောင်းတံတား (သံတံတား)၊ ဆည်ကြီးတံတား(သံ တံတား)၊ အောင်မြင်သာ တံတား (သစ်သားတံတား)၊ နတ်မြောင်း ချောင်းတံတားတို့မှာ ရေတိုက်စားပြီး ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။

သို့ဖြစ်ရာ ကလေးခရိုင်အတွင်း ရေဘေးသင့်ဒေသများသို့ နိုင်ငံတော် အစီအစဉ်ဖြင့် အရေးပေါ်ကယ်ဆယ် ရေးပစ္စည်းများဖြစ်သည့် မော်တော် ဘုတ်များ၊ အသက်ကယ်အင်္ကျီများ၊ စကားပြောစက်များနှင့် အသင့်စား ခေါက်ဆွဲခြောက်ထုပ်၊ ငါးသေတ္တာဘူး၊ ရေသန့်ဘူးများနှင့် အဝတ်အထည် မျိုးစုံကျားဝတ်၊ မဝတ်များနှင့် အခြား အသုံးအဆောင် ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများကို ရဟတ်ယာဉ် များဖြင့် ယာကြီး - ကလေးဝလမ်းပေါ်ရှိ ချမ်းအေးရွာအရောက် အမြန်ပို့ဆောင်ပေးလျက်ရှိပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ရှိသူများက ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ပြီး အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)

No comments:

Post a Comment