Sunday, August 30, 2015

ပါကစ္စတန်၏ နျူလက်နက်တိုက် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးဖြစ်လာနိုင်





The Mirror Daily's photo.
 


ကရာချိ သြဂုတ် ၂၉

ပါကစ္စတန်နိုင်ငံသည် ဆယ်စုနှစ်တစ်စုအတွင်း ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက် တတိယအများဆုံး သိုလှောင်ထားသည့် နိုင်ငံဖြစ်လာနိုင်ကြောင်း အမေရိကန် အခြေစိုက် နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးအဖွဲ့ အစည်းနှစ်ရပ်က ပူးတွဲထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံနှင့် ပြိုင်ဘက်ဖြစ်ခြင်းကို အကြောင်းပြုပြီး ပါကစ္စတန်နိုင်ငံကယင်း၏ နျူကလီးယားလက်နက်တိုက်ကို လျင်မြန်စွာ တိုးချဲ့မှုဖြစ်ပေါ်စေကြောင်း အမေရိကန် အခြေစိုက် ကာနက်ဂျီနိုင်ငံတကာ ငြိမ်းချမ်းရေးဌာနနှင့် စတင်ဆန်ဌာနတို့က ပူးတွဲပြုစုသော အစီရင်ခံစာတွင် ဖော်ပြသည်။ ပါကစ္စတန်နိုင်ငံသည် နိုင်ငံတော်၏ အဟန့် အတားပြု လက်နက်အဖြစ် နျူကလီးယားလက်နက်ကို ထုတ်လုပ်ခြင်းဖြစ်သော်လည်း ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်ထက် များစွာပိုမိုသည့်ပမာဏအထိ ထုတ်လုပ်ထားကြောင်း၊ ပါကစ္စတန်၏ နျူကလီးယားလက်နက်တိုက် ကြီးမားစွာရှိနေခြင်းအတွက် နိုင်ငံတကာက စိုးရိမ်ပူပန်မှု ဖြစ်ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် ကက်ရှ်မီးယား ဒေသတွင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများကြောင့် နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားလာခဲ့သည့် နိုင်ငံများ ဖြစ်ကြသည်။
ရိုက်တာ။

No comments:

Post a Comment