Sunday, August 2, 2015

လျှပ်စစ်ဓာတ်အားမလုံလောက်မှု အီရတ်ပြည်သူများ ကန့်ကွက်ဆန္ဒပြ



The Mirror Daily's photo.


ဘဂ္ဂဒက် သြဂုတ် ၁

အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်တွင် ရာပေါင်းများစွာ သော ပြည်သူများသည် အပူလှိုင်းဒဏ်ခံစားနေရစဉ် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို လမ်းများပေါ်ထွက်၍ ကန့်ကွက်ဆန္ဒပြကြကြောင်း ယနေ့သတင်းများတွင် ဖော် ပြသည်။
လျှပ်စစ်ဓာတ်အားပေးရေးနှင့်ဆိုင်သော တည် ဆောက်ရေးလုပ်ငန်းများတွင် လုပ်ငန်းရှင်များက သတ်မှတ် ထားသည် ထက်လျော့နည်း၍ ငွေကြေးသုံးစွဲခြင်းကို အစိုးရက အဂတိလိုက်စားပြီး ခွင့်ပြုသည်ဟု ၄င်းတို့က စွပ်စွဲကြသည်။

ဇူလိုင် ၃ဝ ရက်နေ့တွင် အပူချိန် ၅ဝ ဒီဂရီ စင်တီ ဂရိတ် (၁၂၂ ဒီဂရီ ဖာရင်ဟိုက်)အထိ ရောက်ရှိပြီးနောက် အစိုးရက အများပြည်သူအားလပ်ရက်အဖြစ် လေးရက် ကြေညာခဲ့သည်။ ပြည်သူများကိုလည်း လျှပ်စစ်ဓာတ်အား ချွေတာကြပါရန် မေတ္တာရပ်ခံခဲ့သည်။

နိုင်ငံအတွင်း ဒေသအချို့တွင် နေ့စဉ် နာရီအနည်း ငယ်မျှသာ လျှပ်စစ်မီးရရှိခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။
နွေရာသီကာလတွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပမာဏ၏ ထက်ဝက်မျှကိုသာ ဖြန့်ဖြူးပေးနိုင် ကြောင်း အစိုးရက ဝန်ခံထားခဲ့ပြီးဖြစ်သည်။

ဇူလိုင် ၃ဝ ရက်တွင် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအဲလ် အဘာဒီက အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ နေအိမ်များ၊ အစိုးရအဖွဲ့အစည်းများ၏ အဆောက်အအုံများကို လျှပ်စစ်မီးဖြတ်တောက်ရန် အမိန့်ပေးခဲ့သည်။
သို့သော် ဘဂ္ဂဒက်မြို့တော်လမ်းများပေါ်မှ ဆန္ဒပြသူ များက ဒေါသထွက်နေကြဆဲဖြစ်သည်။
ရိုက်တာ။

No comments:

Post a Comment