Monday, August 31, 2015

မျိုးဆက်သစ်များက ယဉ်ကျေးမှုအမွေအနှစ်များနှင့်ပညာရပ်များမပျောက်ပျက်စေရန် ဆက်လက်ထိန်းသိမ်းသွားနိုင်ရေးမှာ အရေးကြီးသည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်



 
 
နေပြည်တော်   သြဂုတ်   ၃ဝ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီတွင် မန္တလေးမြို့  ချမ်းမြသာစည်မြို့နယ် (၇၃) လမ်းနှင့် (၇၈) လမ်းကြား မင်္ဂလာမန္တလေးစီမံကိန်း(တောင်ဘက်)တွင် တည်ဆောက်မည့် မြန်မာ့အနုပညာဗဟိုဌာန(မန္တလေး)  အဆောက်အအုံ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။အခမ်းအနားတွင်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊   ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ မြို့တော်ဝန် ဦးအောင်မောင်း၊ သဘင်အစည်းအရုံး နာယက  ဦးရွှေနန်းတင်နှင့် အကယ် ဒမီ ဒါရိုက်တာ မြို့တော်မောင်ယဉ် အောင်တို့က မင်္ဂလာအချိန် ၈ နာရီ ၁ဝ မိနစ်တွင် သတ်မှတ်နေရာ အသီး သီးရှိ  ပန္နက်တော်ဌာနများ၌  ရတနာ ပန္နက်တော်များကို စိုက်ထူ၍ ပန္နက် တင်ကြပြီး အမွှေးနံ့သာ၊ ရွှေရည် ငွေ ရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ သည်   တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့   ရောက်ရှိရာ  မြန်မာ့အနုပညာ ဗဟိုဌာန(မန္တလေး) အကောင်အထည်ဖော်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ   ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က    နိုင်ငံတကာ အဆင့်မီ  မြန်မာ့အနုပညာဗဟိုဌာန (မန္တလေး) တည်ဆောက်ရေးစီမံကိန်း အတွက် ဆောင်ရွက်ထားရှိမှု၊ တည် ဆောက်မည့်   အဆောက်အအုံ၏ ဗိသုကာပုံစံ၊  အဆောက်အအုံတွင်  ပါဝင်မည့် အခန်းဖွဲ့စည်းပုံတို့ကို ရှင်း လင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ က လမ်းညွှန်မှာကြားရာတွင် မန္တလေး မြို့သည်  အနုပညာရှင်များစွာပေါ် ထွန်းခဲ့သည့် မြို့ကြီးတစ်မြို့ဖြစ်သည့်

အပြင်  ပန်းချီ၊  ပန်းပု  စသည့် အနု ပညာများထွန်းကားခဲ့သည့်  ယဉ်ကျေး မှုအမွေအနှစ်များ   များစွာ  ကျန်ရှိ နေသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ ထွန်းကားခဲ့သည့်   ယဉ်ကျေးမှုအမွေ အနှစ်များကို  လက်ရှိပညာရှင်များ သည်      သမိုင်းပေးတာဝန်အရ   ဆက်လက်ထိန်းသိမ်းထားနိုင်သကဲ့ သို့ မျိုးဆက်သစ်များကလည်း မိမိတို့  ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပညာ ရပ်များ      မပျောက်ပျက်စေရန်   ဆက်လက်ထိန်းသိမ်းသွားနိုင်ရေးတို့ မှာ အရေးကြီးသည့်  အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပါကြောင်း။
ထိုသို့ ဆက်လက်ထိန်းသိမ်းနိုင် ရန်၊ ပညာရပ်များကို လက်တွေ့အသုံး ချနိုင်ရန်၊   အနုပညာအမွေအနှစ် ပညာရပ်များနှင့်ပတ်သက်၍  ပြည်သူ များအား  ဖျော်ဖြေတင်ဆက်နိုင်ရန် နှင့်      မျိုးဆက်သစ်များကိုလည်း  ယင်းအမွေအနှစ်များ   ပေးအပ်နိုင် ရန်အတွက်    ကောင်းမွန်ခံ့ညား ထည်ဝါပြီး ခေတ်မီသည့် အဆောက် အအုံ  လိုအပ်သောကြောင့်    မိမိတို့ အစိုးရလက်ထက်တွင်  မန္တလေးနှင့် ရန်ကုန်မြို့တို့၌    ယခုကဲ့သို့သော အဆောက်အအုံကို    တည်ဆောက် ပေးခြင်းဖြစ်ပါကြောင်း။
ယခု အဆောက်အအုံပြီးစီးပါက သမားရိုးကျနည်းဖြင့်     ဖျော်ဖြေ တင်ဆက်ခြင်းထက်    ခေတ်မီသည့် နည်းစနစ်ကို အသုံးပြုကာ တင်ဆက် ဖျော်ဖြေသွားနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်တွင်း၌သာမက အာဆီယံ နိုင်ငံများ၏  ယဉ်ကျေးမှုအမွေအနှစ်  များ၊    ယဉ်ကျေးမှုအဖွဲ့များကိုပါ ဖိတ်ခေါ်၍   ပြသဖျော်ဖြေတင်ဆက် သွားနိုင်မည်ဖြစ်ပါကြောင်း။
ယခုအဆောက်အအုံကို   တည် ဆောက်ပြီးစီးသွားသည့်အခါ   အနု ပညာရှင်များ၏      လက်ဝယ်သို့ လွှဲပြောင်းပေးအပ်သွားမည်   ဖြစ်၍     စနစ်တကျ    ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ရန်အတွက် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ စည်းမျဉ်း စည်းကမ်းများ ရေးဆွဲခြင်းစသည်တို့ကို ဆောင်ရွက် ကာ    ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆက်လက်ပြီး    ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရတာဝန် ယူသည့် ကာလအတွင်း အနုပညာရှင် များအား ယခုကဲ့သို့သော အဆောက် အအုံမျိုးကို    တည်ဆောက်ပေးရန် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း။
ယခုအဆောက်အအုံ   ရေရှည် တည်တံ့ခိုင်မြဲစေရန်၊   မိမိတို့၏အနုပညာရှင်များက   ပိုမိုကောင်းမွန် ပြည့်စုံသည့်     အနုပညာရပ်များ တင်ဆက်နိုင်ရန်၊ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေအနှစ်ပေးအပ်သွားနိုင်ရန်၊ ကမ္ဘာ့ယဉ်ကျေးမှုအနု ပညာရပ်များနှင့်   မိမိတို့ယဉ်ကျေးမှု အနုပညာရပ်များ အချင်းချင်းဖလှယ် အသုံးချနိုင်ရန်   စသည့်ကိစ္စရပ်များ ကို  ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့်    မှာကြား သည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ပန်း ၁ဝ မျိုးအစည်း အရုံး၏  အနုပညာရှင်များကိုယ်စား သဘင်အစည်းအရုံးနာယက ဦးရွှေ နန်းတင်က      ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက်    နိုင်ငံတော်သမ္မတ သည် မြန်မာနိုင်ငံ  ရုပ်ရှင်၊  သဘင်၊ ဂီတနှင့်   ပန်း ၁ဝ မျိုးမှအနုပညာရှင် များနှင့်အတူ   မြန်မာ့အနုပညာဗဟို ဌာန(မန္တလေး)အထိမ်းအမှတ် ဆိုင်း ဘုတ်ရှေ့၌  မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါ   မြန်မာ့အနုပညာဗဟို ဌာန(မန္တလေး)အဆောက်အအုံကို မြေဧက  ၈ ဒသမ ၅ဝ အပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။ အမြင့် ပေ ၁ဝဝ ခန့်ရှိမည်ဖြစ်ကာ အထပ် ခုနစ်ထပ်ပါဝင်မည်ဖြစ်ပြီး  လူ ၃ဝဝဝ ဝင်ဆံ့နိုင်မည်ဖြစ်သည်။      ယင်း အဆောက်အအုံ၌   စားသောက် ဆိုင်များ၊    တစ်နှစ်ပတ်လုံးကပြ ဖျော်ဖြေနိုင်မည့်     ပြဇာတ်ရုံများ၊  မြန်မာ့အနုပညာ   အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင် များနှင့် ယာဉ်ရပ်နားရန်နေရာတို့ကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ် သည်။
ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ပန်း ၁ဝ မျိုးပညာရှင်များအား အနုပညာဗဟို ဌာန   တည်ဆောက်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အတွက် ဝင်ငွေများ ပိုမိုရရှိလာနိုင်မည် ဖြစ်ပြီး   အနုပညာဆိုင်ရာဖျော်ဖြေ တင်ဆက်မှုများကို  တစ်နှစ်ပတ်လုံး ဆောင်ရွက်နိုင်မည်   ဖြစ်ကြောင်းနှင့် အနုပညာသင်တန်းများကိုပါ ဖွင့်လှစ် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော ချမ်းမြသာစည်မြို့နယ်  မြရည်နန္ဒာ ရပ်ကွက်ရှိ    မြရည်နန္ဒာတန်ဖိုးမျှတ  အိမ်ရာစီမံကိန်းနှင့် ချမ်းအေးသာစံ မြို့နယ် စိတ္တရမဟီရပ်ကွက်ရှိ စိတ္တရ မဟီ   အဆင့်မြင့်အိမ်ရာစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ မော်တော်ယာဉ်များဖြင့်   လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment