အမ်းမရိတ်စ်ဖလားပြိုင်ပွဲတွင် အာဆင်နယ်က လိုင်ယွန်အသင်းအား ခြောက်ဂိုး-ဂိုးမရှိ၊ ဝုဖ်ဘတ်အား တစ်ဂိုး-ဂိုမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖလားဆွတ်ခူးခဲ့ရာ ထိုပွဲစဉ် နှစ်ပွဲ၌အကောင်းဆုံးခြေစွမ်းပြသခဲ့သော အိုဇေးလ်အားလာမည့်ဘောလုံး ရာသီတွင် ခြေစွမ်းပိုမိုတောက်ပလာစေရန်ကူညီပေးသွားမည်ဟု အာဆင်နယ် နည်းပြဝင်းဂါးက ထုတ်ဖော်ပြောကြားခဲ့သည်။
အိုဇေးလ်သည် ရီးယဲလ်၌ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သော်လည်း အာဆင်နယ်တွင် ရောက်ရှိနေသည့် နှစ်နှစ်တာကာလအတွင်း ဒဏ်ရာပြဿနာများကြုံတွေ့ခဲ့ရပြီးသူ၏ အကောင်းဆုံးပုံစံပျောက်ဆုံး နေခဲ့သည်။ သို့သော် ပြီးခဲ့သည့် ဘောလုံးရာသီတစ်ဝက် ပြီးဆုံးချိန် တွင် အိုဇေးလ်ပြန်လည်ဝင်ရောက်ကစားနိုင်ခဲ့ပြီးနောက် အာဆင်နယ်၏ရလဒ်များအတက်ဘက်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။
ဝင်းဂါးက လာမည့်ဘောလုံးရာသီ၌ အိုဇေးလ်အားဗဟိုကွင်းလယ်ကစားကွက်ဖန်တီးရှင်နေရာ၌ထား၍ အသုံး ပြုနိုင်မည့် ၄-၂-၃-၁ကစားကွက်အား အသုံးပြုသွားမည်ဟု အစောပိုင်းကပင်ပြောကြားထားပြီးဖြစ်သည်။
ထို့အပြင် ယင်းကစားကွက်နှင့် အာဆင်နယ်အသင်း တစ်သားတည်းကျကာ အလုပ်ဖြစ်ခဲ့သည်ကို အက်ဖ် အေဖလားဗိုလ်လုပွဲနှင့် ယခုကစားခဲ့ သည့် အမ်းမရိတ်စ်ဖလားပွဲစဉ်နှစ်ပွဲလုံး၌ ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရသည်။
ဝင်းဂါးက အိုဇေးလ်၏လုပ်အားနှုန်းကို ယခုထက်ပိုမိုရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ အိုဇေးလ်အနေဖြင့် လိုင်ယွန်နှင့်ပွဲစဉ်၌ ကိုယ်တိုင် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုနှစ်ကြိမ်ထက်မနည်း ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ ဆန်းချက်ဇ်နှင့် ဝဲလ်ဘတ်တို့ ဝင်ရောက်ကစားနိုင် လျှင်ယခုထက် တိုက်စစ်စွမ်းရည် ပိုမို ထက်မြက်လာဦးမည်ဖြစ်ကြောင်း၊ ၂ဝ၁၄ကမ္ဘာ့ဖလားပွဲစဉ်များကြောင့် အိုဇေးလ်ကဲ့သို့ ကစားသမားများစိတ် ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နွမ်း နယ်မှုများကြုံတွေ့ခဲ့ရပြီး လိဂ်ပွဲစဉ် များ၏ရလဒ်များကို ထိခိုက်စေခဲ့ရကြောင်း ပွဲအပြီးတွင် ရှင်းလင်းပြော ကြားခဲ့သည်။ (မေလဲ့သင်း)
No comments:
Post a Comment