Wednesday, July 29, 2015

အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရန် အင်ဒိုနီးရှားနှင့် ဗြိတိန်သဘောတူညီ


 
ဂျကာတာ ဇူလိုင် ၂၈
အကြမ်းဖက်မှုနှင့် အစ္စလာမ္မစ်နိုင်ငံတော်(အိုင် အက်စ်)အဖွဲ့တို့ကို တိုက်ဖျက်သွားနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြရန် အင်ဒိုနီးရှားနှင့် ဗြိတိန်နိုင်ငံတို့ သဘောတူညီလိုက်ကြကြောင်း ပီတီအိုင်သတင်းဌာနက ဇူလိုင် ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။
အိုင်အက်စ်စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ မိမိတို့နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်မှုများ ဖြစ်ကြရကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကီုဝီဒိုဒိုနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောကြားသည်။
ဝန်ကြီးချုပ်ကင်မရွန်းသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာသို့ နှစ်ရက်ကြာအလည်အပတ်ခရီး ရောက်ရှိနေသည်။
ဂျကာတာနှင့်ဘာလီတို့ရှိလေဆိပ်များ၌ လုံခြုံရေး အစီအမံများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စအပါအဝင် အင်ဒိုနီးရှားနိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်း အား အထောက်အကူပေးမည့် အစီအစဉ်တစ်ရပ်ကို မိမိအကောင်အထည်ဖော်မည်ဟု ကင်မရွန်းက ကတိပြု ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်း၌ဆောင်ရွက်နေသူ အရာရှိ ၅ဝ ခန့်ကို ဗြိတိန်နိုင်ငံ ၌ လေ့ကျင့်သင်တန်းပေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံသား ၅ဝဝခန့်သည် အိုင်အက်စ်အဖွဲ့တွင် ပါဝင်သည်ဟု မီဒီယာသတင်းများအရ သိရသည်။
ပီတီအိုင်။

No comments:

Post a Comment