Thursday, July 30, 2015

မော်လူးတွင် ရေကြီးရေလျှံမှုကြောင့် ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ရှိ ဟဲနုတံတားပျက်စီး လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေစေရန် ယာယီကွင်းလမ်းဖောက်လုပ်





The Mirror Daily's photo.


မော်လူး ဇူလိုင် ၂၉

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင်ရေကြီး ရေလျှံမှုကြောင့် ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် (၁၆၂/၅) နှင့်(၁၆၂/၆)ကြား တံတား အမှတ် (၅/၁၆၃) ရှိ ဟဲနုတံတားသည် ရေစီးထဲမျောပါ ပျက်စီးခဲ့သဖြင့် ကုန်တင်ယာဉ်ကြီး၊ ယာဉ်ငယ်များနှင့် ဒေသန္တရခရီးသွားလာကြသူများမှာ အခက်အခဲနှင့် ကြုံတွေ့နေကြရမှု ကြောင့်ခရီးသွားများ အဆင်ပြေစေ ရန်အတွက် ယာယီကွင်းလမ်းကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီခွဲမှစတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါတံတားမှာ ဇူလိုင်၂၄ ရက် နံနက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးနှင့်အတူမျောပါပျက်စီး ခဲ့ရပြီး ကုန်တင်ယာဉ်များ ကုန်စည်များကို အချိန်မီပို့ဆောင်နိုင်ရန် အလုပ်သမားများငှားရမ်းကာ ချောင်း တစ်ဖက်ကမ်းသို့ သယ်ယူကြရ ကြောင်း၊ အလျားပေ ၁ဝဝ၊ အကျယ် ပေ၂ဝ ရှိ အဆိုပါသံပေါင်ခံ သစ်သား ကြမ်းခင်းတံတား အမြန်ပြီးစီးနိုင်ရေး အတွက် စစ်ကိုင်းတိုင်းဒေသကြီး အခွန် ဘဏ္ဍာဝန်ကြီး ဦးတင်ဝင်း၊ ခရိုင်နှင့် မြို့နယ်များမှ တာဝန်ရှိသူများ နှင့်အတူ ညနေ ၄ နာရီခွဲတွင် အဆိုပါတံတား ပျက်စီးရာနေရာသို့ ရောက်ရှိပြီး ယင်းကွင်းလမ်းနှင့် ယာယီတံတားအား အချိန်မီပြီးစီးနိုင် ရေးအတွက် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း၊ တံတားအရှေ့ ဘက် ယာယီကွင်းလမ်းနှင့် အနောက် ဘက် အကျယ် ငါးပေရှိ လူကူးတံတား တည်ဆောက်ခြင်းကို တံတားအထူး အဖွဲ့(၄)မှ ဒုတိယညွှန်ကြားရေး မှူး ဦးသိန်းအောင်နှင့် ဦးစီးအရာရှိ ဦးသန်းလင်းနှင့် ကျွမ်းကျင်လုပ်သား ၂ဝ တို့ က ဘက်ဟိုး တစ်စီး၊ ဘူဒိုဇာ တစ်စီး၊ မြေသယ်ယာဉ်ခြောက်စီး၊ ကရိန်းစက်တစ်စီးတို့ဖြင့် ယာယီ ကွင်းလမ်းအချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်ခဲ့သည့်အတွက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင် နေပြီဖြစ်ကြောင်း သိရသည်။
(ဝ၅၈)

No comments:

Post a Comment