Thursday, July 30, 2015

ကဒါဖီ၏သားကို လစ်ဗျားတရားရုံးက သေဒဏ်ချမှတ်


Myanmaalinn's photo.
ထရိုင်ပိုလီ ဇူလိုင် ၂၉

လစ်ဗျားတရားရုံးက ဇူလိုင် ၂၉ ရက်က မွမ်မာကဒါဖီ၏ ထင်ရှားကျော်ကြားသော သား တစ်ဦးဖြစ်သည့် ဇာအိဇ်အယ်လ် အစ္စလာမ်နှင့် အခြားရှစ်ဦးကို ၂ဝ၁၁ တော်လှန်ရေး ပုန်ကန်မှု ဖြစ်စဉ်အတွင်း ဆန့်ကျင်ဆန္ဒပြသူ များကို သတ်ဖြတ်ခဲ့သည့် စစ် ရာဇဝတ်မှုဖြင့် သေဒဏ်ပေးအပ်ခဲ့ သည်။
ယခင် ကဒါဖီအုပ်စိုးစဉ်အခါက တာဝန်ထမ်းဆောင်ခဲ့သော အရာရှိ များကို သေဒဏ်ပေးခဲ့ခြင်းဖြစ်ပြီး ၄င်းအရာရှိများထဲ၌ ယခင် ထောက် လှမ်းရေးမှူးချုပ် အဗ္ဗဒူလာအယ်လ် ဆန်နူအိနှင့် ဝန်ကြီးချုပ်ဟောင်း ဘဂ္ဂဒါဒီအယ် မာမွတ်ဒီတို့ပါဝင် ကြောင်း ထရိုင်ပိုလီပြည်နယ်ရုံး၏ စုံစမ်းစစ်ဆေးရေးမှူး ဆာဒစ် အယ်လ်ဆာက ရုပ်မြင်သတင်းသို့ ပြောကြားခဲ့သည်။
တရားစီရင်ရေးနှင့် တရားစီရင် ရေးကြောင့် ထွက်ပေါ်လာသည့် ရလဒ်များသည် ကမ္ဘာ့ဇာတ်ခုံရှိ လူ့အခွင့်အရေးအဖွဲ့များကို သဘောမကျမှုများဖြစ်စေသည်။
အရာရှိဟောင်းရှစ်ဦးကို တစ်သက်တစ်ကျွန်းပေးအပ်ခဲ့ပြီး အခြားခုနစ်ဦးကို ထောင်ဒဏ် ၁၂ နှစ်စီ အသီးသီးချမှတ် ခဲ့ကြောင်း ဆာဒစ်အယ်လ်ဆာက ပြောခဲ့သည်။
ကဒါဖီသည်လည်း ၄င်းရှောင်ပုန်းနေစဉ်ကာလအတွင်း ဖမ်းဆီးခံခဲ့ရပြီး လက်နက်ကိုင်သူပုန်တပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

(ရိုက်တာ)

No comments:

Post a Comment