Thursday, July 30, 2015

တူရကီအိုင်အက်စ်တိုက်ခိုက်မှုတွင် နေတိုးအဖွဲ့ကူညီ




Myanmaalinn's photo.

နေတိုး ဇူလိုင် ၂၉

နေတိုးအဖွဲ့က တူရကီနိုင်ငံ၏ အိုင်အက်စ်အကြမ်းဖက်စစ်သွေးကြွဆန့်ကျင်တိုက်ခိုက်မှုတွင် ကူညီ ထောက်ပံ့မှုပေးမည် ဖြစ်ကြောင်း ဖော်ပြပြောဆိုခဲ့သည်။
နေတိုး ၂၈ နိုင်ငံ၏ သံအမတ် ကြီးများသည် ဇူလိုင် ၂၉ ရက်က အရေးပေါ် အစည်းအဝေးတစ်ရပ် ကို ဘရက်ဆဲလ်၌ ကျင်းပခဲ့ကြ သည်။
ဆီးရီးယားတွင် အိုင်အက်စ် အကြမ်းဖက်မှုများကို ဆန့်ကျင်သည့် တူရကီလေကြောင်းတိုက်ခိုက်မှုများ နှင့် အီရတ်နိုင်ငံ မြောက်ပိုင်း၌ ကာ့ဒ်စစ်သွေးကြွများကို ဆန့်ကျင် သည့် တူရကီတိုက်ခိုက်မှုများအား ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးကို တူရကီအစိုးရ၏ တောင်းဆိုမှုဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။
တူရကီ-ဆီးရီးယားနယ်စပ်မြို့ လေးတစ်မြို့တွင် စစ်သွေးကြွအဖွဲ့ နှင့် ချိတ်ဆက်မှုရှိသည့်လူတစ်ဦး က အသေခံဗုံးခွဲခဲ့ရာ အရပ်သား များ သေဆုံးခဲ့ရသည်။
နေတိုးခေါင်းဆောင်များသည် အိုင်အက်စ်အကြမ်းဖက် စစ်သွေး ကြွများကို တိုက်ခိုက်ရန် တစ်ညီ တစ်ညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ ကြောင်း နေတိုး အတွင်းရေးမှူးချုပ် ဂျန်စတော့ဒ်တန်ဘက်ဘ်က သတင်း ထောက်များကို ပြောခဲ့သည်။
ထို့အပြင် နေတိုးတပ်ဖွဲ့ဝင်များ သည် မဟာမိတ်နိုင်ငံဖြစ်သော တူရကီဘက်၌ ရပ်တည်ထောက် ခံမှုပေးပြီး အကြမ်းဖက်လုပ်ရပ် မှန် သမျှကို ညီညွတ်သော စိတ်ဓာတ် ဖြင့် ခုခံတိုက်ခိုက်မည်ဖြစ်ကြောင်း ၄င်းကပြောခဲ့သည်။
တူရကီနိုင်ငံ၏ ဒေသတွင်းတည် ငြိမ်အေးချမ်းရေးကို အကျိုးဖြစ်စေ မည့် ရည်ရွယ်ချက်ဖြင့် တူရကီနိုင်ငံ ၏စစ်ဆင်ရေးတွင် နေတိုးက အနီး ကပ် ပူးပေါင်းပါဝင်ဆောင်ရွက်မည် ဖြစ်သည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment