Wednesday, July 1, 2015

ဂျပန် ရှင်ကန်ဆန်ကျည်ဆန်ရထားပေါ်တွင် လူတစ်ဦးကိုယ့်ကိုယ်ကိုယ် မီးတင်ရှိ့



Myanmaalinn's photo.

တိုကျို ဇွန် ၃ဝ


ဂျပန် ရှင်ကန်ဆန် ကျည်ဆန်ရထားတစ်စင်းပေါ် တွင် ခရီးသည်တစ်ဦး မိမိကိုယ်ကို ဆီများလောင်းချကာ မီးရှို့ခဲ့ရာမှ နောက်ထပ်ခရီးသည်တစ်ဦး အပါအဝင် စုစုပေါင်းနှစ်ဦး သေဆုံးသွားခဲ့သည့်ဖြစ်ရပ် ယနေ့ဖြစ် ပွားကြောင်း မီဒီယာများက ဖော်ပြသည်။
ဂျပန်နိုင်ငံမြို့တော် တိုကျိုမှ နိုင်ငံအနောက်ပိုင်းရှိ မြို့တော် အိုဆာကာသို့ ခုတ်မောင်းသည့် ကျည်ဆန်ရထား တစ်တွဲထက်မနည်း မီးခိုးလုံးများ ဖုံးအုပ်ပြည့်နှက်သွားခဲ့ပြီး နောက် ခရီးသည် ၁ဝဝဝ ခန့်လိုက်ပါလာသည့် အဆိုပါ ရထားကို အရေးပေါ်ရပ်တန့်ခဲ့ရကြောင်း မီးသတ်ဌာန တာဝန်ရှိသူများက ပြောကြားသည်။
မျက်မြင်သက်သေတစ်ဦး၏အဆိုအရ အမျိုးသား တစ်ဦးသေဆုံးသွားကြောင်း မီးသတ်ဌာနမှ တာဝန်ရှိ သူတစ်ဦးက အတည်ပြုပြောကြားသည်။ ယင်းအမျိုးသား သည် ကိုယ့်ကိုယ်ကို ဆီများလောင်းချကာ မီးတင်ရှို့ ခဲ့ခြင်းဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။ မည်သည့်အကြောင်းကြောင့် ယင်းအမျိုးသား ကိုယ့် ကိုယ်ကို မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်ကို လတ်တလောတွင် မသိနိုင်သေးဟု ဆိုသည်။
အဆိုပါဖြစ်ရပ်တွင် အမျိုးသမီးခရီးသည်တစ်ဦး လည်း သေဆုံးခဲ့ကြောင်း အင်န်အိတ်ခ်ျကေ ရုပ်မြင် သံကြား သတင်းဌာနက ထုတ်လွှင့်ခဲ့ပြီး အခြား ခရီးသည်တစ်ဦးမှာလည်း စိုးရိမ်ဖွယ်အခြေအနေဖြင့် ဒဏ်ရာရရှိသွားကာ ခရီးသည်အများအပြားမှာလည်း အသေးအဖွဲထိခိုက်မှုများရှိခဲ့ကြောင်း မီးသတ်တာဝန်ရှိ သူများက ပြောကြားသည်။
ရထားတွဲအတွင်း မီးခိုးလုံးများ ထွက်ပေါ်လာသည် နှင့် ခရီးသည်အများစုမှာ အခြားတွဲများသို့ ကူးပြောင်း သွားခဲ့ကြောင်း သတင်းများက ဆိုသည်။
အဆိုပါ ကျည်ဆန်ရထားကို ဂျေအာရ် တိုကိုင်း ကုမ္ပဏီက တာဝန်ယူပြေးဆွဲနေခြင်းဖြစ်ပြီး လျင်မြန်မှု နှင့် လုံခြုံစိတ်ချရမှုများကြောင့် လူသိများကျော်ကြား သည်။

(ရိုက်တာ)

No comments:

Post a Comment