Thursday, July 30, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အထူးကိုယ်စားလှယ် မစ္စအင်ဂျလီနာ ဂျိုလီပစ်အား လက်ခံတွေ့ဆုံ



Myanmaalinn's photo.

နေပြည်တော် ဇူလိုင် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် မစ္စ အင်ဂျလီနာ ဂျိုလီပစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်း များ၊ အမျိုးသမီးရေးရာကိစ္စရပ်များ၊ ပဋိပက္ခများအတွင်း အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပပျောက်ရေးလုပ်ငန်းများအား အတူတကွလက်တွဲ၍ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နိုင်ငံ တကာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဥပဒေများရေးဆွဲဆောင်ရွက်နေမှု၊ ကလေးသူငယ်များအား အတန်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ် များ သင်ကြားနိုင်ရေးဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးစိုးသိန်း၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက် ရောက်ကြပြီး ဧည့်သည်တော် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး၏ အထူးကိုယ်စားလှယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး မစ္စတာ အင်ဒရူး ပက်ထရစ် လည်း တက်ရောက်သည်။

(သတင်းစဉ်)

No comments:

Post a Comment