Thursday, July 30, 2015

ရွေးကောက်ပွဲလုံခြုံရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် စီမံချက်မျာရေးဆွဲဆောင်ရွက်




Myanmaalinn's photo.

နေပြည်တော် ဇူလိုင် ၂၉ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဟူဂိုဂျော့ ဝီလီယံဆွိုင်းနှင့်အဖွဲ့အား ဇူလိုင်၂၈ ရက် မွန်းလွဲ ၁ နာရီက နေပြည်တော် ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မစ္စတာ ဟူဂိုဂျော့ ဝီလီယံဆွိုင်းက မဲစာရင်း အမှားများနှင့်စပ်လျဉ်း၍ဆောင်ရွက် နေမှု၊ ရွေးကောက်ပွဲတွင် ပြည်သူ လူထုမဲပေးနိုင်သည့် အခြေအနေ၊ နိုင်ငံခြားရောက်သူများ မဲပေးနိုင်မှု အခြေအနေ၊ မဲဆန္ဒရှင်များ မဲစာရင်း ကြည့်ရှုရေးနှင့် ရွေးကောက်ပွဲတွင် ပိုမိုပါဝင်လာရေးဆောင်ရွက်ထားမှု၊ မဲဆန္ဒရှင် ပညာပေးဆောင်ရွက်မှု အခြေအနေ၊ တပ်မတော်သားများ အတွက် မဲရုံများဖွင့်လှစ်မည့်နေရာနှင့် မဲရုံသို့ကိုယ်တိုင်လာရောက် မဲပေးရန် လို မလို၊ အရန်ရဲ ၂ဝဝဝဝ ကျော် ခန့်အပ်ခြင်းက ရွေးကောက်ပွဲလုံခြုံ ရေးအတွက် လုံလောက်မှု ရှိ မရှိ တို့ကို မေးမြန်းသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဖြေကြားရာတွင် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် မှန်ကန်သော မဲစာရင်းရရန် အခြေခံမဲဆန္ဒရှင်စာရင်းပြုစု ဆောင် ရွက်ခဲ့ကြောင်း၊ ပြည်သူလူထုအနေ ဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ မဲစာရင်း ကြည့်ရှုရန် ကာလကန့်သတ်ချက်ကို ဇူလိုင် ၃ဝ ရက်ထိ ရွှေ့ဆိုင်း ဆောင် ရွက်ခဲ့ကြောင်း၊ မဲဆန္ဒရှင် ပညာပေး အနေဖြင့် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာတို့မှ သီချင်း၊ ဇာတ်လမ်း၊ ဆောင်းပါးတို့ဖြင့် အသိပေးဆောင် ရွက်လျက်ရှိကြောင်း၊ တပ်တွင်းရှိ မဲရုံများသို့ ရွေးကောက်ပွဲ ကိုယ်စား လှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးအဖွဲ့များ၊ မီဒီယာများ ဝင်ရောက် ခွင့်ပြုရန်နှင့် ဝင်ခွင့်မပြုနိုင်သော ဧရိယာများတွင် တပ်ပြင်ပ၌ မဲရုံ ဆောက်ရန် တပ်မတော်နှင့်ညှိနှိုင်း ထားပြီးဖြစ်ကြောင်း၊ တပ်မတော် သားများအနေဖြင့် ကြိုတင်ဆန္ဒမဲပေး ခွင့် ရှိသူမှအပ ကိုယ်တိုင်မဲရုံတွင် မဲပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက် ပွဲလုံခြုံရေးနှင့်ပတ်သက်၍ ပြည်ထဲ ရေးဝန်ကြီးဌာနမှ လုပ်ငန်းစဉ် တစ်ခုချင်းအလိုက် စီမံချက်များရေးဆွဲ ဆောင်ရွက်နေကြောင်း ရှင်းလင်း ပြောကြားပြီး ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment