Monday, June 1, 2015

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကျောင်းသား ကျောင်းသူများ ကွန်ပျူတာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ




The Mirror Daily's photo.
 

ကျောက်ဆည် မေ ၃၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ကွန်ပျူတာ သင်တန်းများ ပို့ချပေးပြီး သင်တန်းပြီး ဆုံးချိန်တွင် သင်တန်းဆင်းလက်မှတ် များပေးအပ်ပွဲနှင့် ကွန်ပျူတာစွမ်းရည် ပြိုင်ပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို မေ ၃ဝ ရက် နံနက် ၉ နာရီ တွင် ကျောက်ဆည်မြို့ရှိ ရွှေဖောင် ဒေးရှင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးသောင်းတင်က အမှာစကားပြောကြားပြီး ကွန်ပျူတာနည်းပြဆရာမ ဒေါ်ညွန့်ညွန့်အေးက အောင်လက်မှတ်နှင့် ဆုပေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားသည်။ ထို့နောက် အောင်လက်မှတ်နှင့် ဆုများကို ဒုတိယဝန်ကြီး ဦးသောင်းတင်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးအောင်မြင့်သန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့်တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြသည်။ အခမ်းအနားသို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းထိုင်ဆရာတော်ကြီးများ၊ မြို့ နယ်ဖွံ့ဖြိုးမှုအထောက်အကူပြုဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ KMD Foundation မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကွန်ပျူတာနည်းပြများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၄ ကျောင်းရှိပြီး ယခုကျင်းပသော အခမ်းအနားသည် KMD Foundation နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပူးပေါင်းကျင်းပခြင်း၏ ပထမဆုံးအကြိမ်ဖြစ်ပြီး နောင်နှစ်များတွင်လည်း ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment