Tuesday, June 2, 2015

ပြည်တွင်းဖလားသုံးလုံး ဆွတ်ခူးခဲ့တဲ့ ပီအက်စ်ဂျီ

 
 
 Myanmaalinn's photo.
 
ပီအက်စ်ဂျီအသင်းဟာ ပြင်သစ် ကလပ်တွေထဲမှာတော့ ပြည်တွင်း ပြိုင်ပွဲ ဖလားသုံးလုံး ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်သွားပါပြီ။ ပီအက်စ်ဂျီအသင်းက အော်ဇေး အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့နိုင်ပြီး ပြင်သစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါ တယ်။
ဥရုဂွေးတိုက်စစ်မှူး ကာဗာနီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ပီအက်စ် ဂျီအသင်းက အနိုင်ရရှိသွားခဲ့တာပါ။ ကျွန်တော်တို့ ကျန်တဲ့ဖလားတွေ လည်းရပြီးပါပြီလို့ ပီအက်စ်ဂျီ အသင်းရဲ့ ဂိုးအများဆုံးသွင်းထားတဲ့ တိုက်စစ်မှူး အီဘရာဟင်မိုဗစ်က ဆို ပါတယ်။ ဒီလိုဖလားသုံးလုံးရအောင် ဘယ်အသင်းမှ မလုပ်နိုင်သေးပါဘူး။ ကျွန်တော်တို့အသင်းဟာ ဂုဏ်ယူ စရာကောင်းတဲ့ အသင်းဖြစ်ပါတယ် လို့ အီဘရာဟင်မိုဗစ်ကဆိုပါတယ်။ ကျွန်တော်တို့ ဒီနှစ်ရာသီမှာ အဆုံး သတ်မှုတွေအတော်လေး ကောင်းပါ တယ်။ ကျွန်တော်တို့ ဒီဖလားကို လိုချင်နေတာပါ။ ဒီဖလားကရဖို့ အတော်လေးခက်ပါတယ်လို့ နည်းပြ လောရင်ဘရန့်က ဆိုပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်ရာသီမှာ ပြင်သစ်ပထမတန်းဖလားနဲ့ ပြင်သစ် လိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင် ခဲ့တဲ့ အသင်းဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment