ရန်ကုန် မေ ၂၉
အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ USAID နှင့်
အမေရိကန်အခြေစိုက်ကော်ပိုရေးရှင်းကုမ္ပဏီ National Instruments (NI)
တို့ပူးပေါင်းပြီး မဲခေါင်မြစ် အောက်ပိုင်းဒေသနိုင်ငံများမှ
အင်ဂျင်နီယာနှင့် သိပ္ပံလုပ်ငန်းနယ်ပယ်ရှိ
လူငယ်များ၏နည်းပညာစွမ်းရည်များကို မြှင့်တင်ပေးသွားမည်ဟု သိရသည်။
လုပ်ငန်းခွင်အခြေပြုသင်တန်းများ ပံ့ပိုးပေးမည့် အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှုတွင် တက္ကသိုလ်/ကောလိပ်များ၏ သင်ရိုးညွှန်းတမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက် ပေးခြင်း၊ နည်းပြဆရာများအားသင်တန်းပေးခြင်း၊ သိပ္ပံစမ်းသပ်ခန်းသုံး စက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေး ခြင်းအပါအဝင် လုပ်ငန်းစတင်တည်ထောင်သူများနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ထောက်ပံ့ပေးသည့်အစီအစဉ်များလည်း ပါဝင်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
လာမည့်ငါးနှစ်အတွင်း အမေရိကန်အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီနှင့် တို့သည် သင်ကြားရေးစင်တာတစ်ရပ်ပူးပေါင်းထူထောင်ပြီး တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းကောလိပ်များမှ ကျောင်းသားများနှင့် အတတ်ပညာရှင်များအား အဆင့်မြင့်နည်းပညာသုံးပစ္စည်း များအသုံးပြုနိုင်ရန်၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးချနိုင်ရန်နှင့် လုပ်ငန်းသစ်များတည်ထောင်နိုင်ရန် သင်တန်းများသင်ကြားပေးသွားမည်ဖြစ်သည်။
အမေရိကန်အစိုးရ ဆောင်ရွက်နေသည့် USAID COMET နှင့် USAID ACTI စီမံကိန်းနှစ်ခုသည် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ သမ္မတအိုဘားမား လာရောက်သည့်ခရီးစဉ်တွင် အကောင်အထည်ဖော်ခဲ့သည့် Young Southeast Asia Leadership Initiative အစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံနှင့်ဆက်စပ်သည့်နယ်ပယ်ကဏ္ဍများတွင် ကျွမ်းကျင်ဝန်ထမ်းအရေအတွက် မြင့်တက်လာရန် တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်း ၁ဝဝ ကို ပံ့ပိုးကူညီသွားရန် USAID COMET က ရည်မှန်းထားရှိသည်။
(သန့်ဇင်ဝင်း)

No comments:
Post a Comment