ဂန့်ဂေါ မေ ၂၉
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် တွင် မေ ၂၈ ရက်
မွန်းလွဲ ၁၂နာရီ မိနစ် ၂ဝခန့်က မန္တလေး-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ်
(၉၈/၅)နှင့် (၉၈/၆)အကြား မဲကျေးရွာအနီးတွင် မန္တလေးဘက်မှ ဂန့်ဂေါဘက်သို့
ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက်နေသူ အောင်ဇော်ထွဋ် (၂၅)နှစ်
မောင်းနှင်လာသည့် ခရီးသည် တင်မှန်လုံယာဉ်သည် ခရီးသည် အမျိုးသား ငါးဦး၊
အမျိုး သမီး ခြောက်ဦး၊ ယာဉ်ကြီးကြပ်တစ်ဦးနှင့် ယာဉ်နောက် လိုက် တစ်ဦး
စုစုပေါင်း ၁၄ ဦး တင်ဆောင်မောင်းနှင်လာစဉ် ကားအင်ဂျင် စက်ခန်းမှ
ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဂန့်ဂေါမြို့နယ်
ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲတပ်ဖွဲ့ဝင် ရှစ်ဦး၊
မြို့နယ်မီးသတ်ဦးစီးမှူးဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် ၁ဝဦးတို့က
မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး တို့ဖြင့်
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့်
ယာဉ်၏အင်ဂျင်ပိုင်းများနှင့် ယာဉ်ပေါ်ပါ ကုန်ပစ္စည်း အနည်းငယ်
မီးလောင်ကျွမ်းခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ညိုညိုဝင်း (မကွေး)
ညိုညိုဝင်း (မကွေး)
No comments:
Post a Comment