Saturday, May 2, 2015

ချယ်လ်ဆီးကိုမုန်းနေသူများမှာ မနာလို၍သာဖြစ်ဟု ဇူးမား ဆို





ချယ်လ်ဆီးနောက်ခံလူကာဒ့်ဇူးမားက ချယ်လ်ဆီး၏လက်ရှိရလဒ်များ ကောင်းမွန်နေပြီး ပရီမီယာလိဂ်ဖလားကိုရရှိရန် သေချာသလောက်ရှိနေသော အနေအထားကို ချီးမွမ်းမှုမပြုဘဲ ပျင်းရိဖွယ်ကောင်းသောကစားဟန်ကို ပိုင်ဆိုင်ထားသော အသင်းဟုဝေဖန်နေကြခြင်းမှာ ကလပ်အသင်း အောင်မြင်မှု အပေါ် မနာလို၍သာဖြစ်သည်ဟုဆိုခဲ့သည်။
မော်ရင်ဟို၏ နောက်တန်းအဓိက လုံခြုံမှုကိုအခြေပြုသော ကစားနည်း စနစ်ကို အာဆင်နယ်နှင့် ယှဉ်ပြိုင်ခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်၌ အထင်အရှား မြင်တွေ့ခဲ့ရပြီး ချယ်ဆီးကိုအားပေးသောသူများကပင် မိနစ် ၉ဝ လုံး ခံစစ်အသွင်ဖြင့် ကစားနေသော ချယ်လ်ဆီးကို '' ငြီးငွေ့ဖွယ်ကောင်းသော ချယ်လ်ဆီး'' ဟု ဝေဖန်ခဲ့ကြသည်။
ဇူးမားက'' တခြားအသင်းကိုအားပေးတဲ့ပရိသတ်တွေက သူတို့အသင်း အမှတ်ပေးဇယားထိပ်မှာမရပ်တည်နိုင်တော့ကျွန်တော်တို့အသင်းကိုမနာလို ဖြစ်ကြတာပေါ့။ပရိသတ်တွေဆိုတာ သူတို့အားပေးတဲ့အသင်းကိုအမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်စေချင်ကြတာဟာ သဘာဝပါပဲ။ အသင်းတိုင်းက ချယ်လ်ဆီး ကိုဆိုအနိုင်လိုချင်ကြပေမယ့် ကျွန်တော် တို့အသင်းက အခုထိခြေလှမ်းမှန်မှန်နဲ့ ခရီးဆက်နိုင်တုန်းပါပဲ။ ပွဲတိုင်းလိုလို မှာအနိုင်ရအောင်ကစားနိုင်ခဲ့သလို ရမှတ်တွေအများကြီးကွာခြားပြီး အမှတ် ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ တယ်။ ဒီလိုကြောင့်မို့ ချယ်လ်ဆီးကိုပျင်းရိ ငြီးငွေ့ဖွယ်ကောင်းတဲ့ အသင်းလို့ ပြောတာမျိုး ကျွန်တော်ဘယ်လိုမှလက်မခံနိုင်ပါဘူး။ ဒါပေမယ့် အသင်းကို ထောက်ခံ အားပေးသူတွေအနေနဲ့ သူတို့အသင်းကို ဘယ်လိုဖြစ်စေချင်တယ် ဆိုတာမျိုး ပြောလို့ရပါတယ်'' ဟုဆိုသည်။
ဇူးမားက မော်ရင်ဟိုအနေဖြင့် သင့်လျော်သည့်အချိန်တွင် အချိန်ကိုက် နည်းဗျူဟာတစ်ရပ်ကိုချမှတ်ခြင်းပင်ဖြစ်ပြီး ¤င်းအား နောက်တန်းတွင်သာမက ကွင်းလယ်ကစားသမားအဖြစ်ပါ ကစားခိုင်း၍ရသည်ဟု ဆိုခဲ့သေး သည်။
မေလဲ့သင်း

No comments:

Post a Comment