Saturday, May 30, 2015

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး


ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၅၂ ရက်မြောက်နေ့ကျင်းပ


Myanmaalinn's photo.

နေပြည်တော် မေ ၂၉

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၅၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီခွဲ၌ ကျင်းပရာ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း၏ အပိုဒ် ၄ ပါ ပုဒ်မ ၄ ပုဒ်မခွဲ(ဃ)၏ နောက်တွင် ပုဒ်မခွဲ(င)အဖြစ် အသစ်ဖြည့်စွက် ချက်နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြ သည်။
ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးစောတော်ပလဲက ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များအနေဖြင့် ဥပဒေကြမ်း၏ အပိုဒ် ၄ ပါ ပုဒ်မ ၄ ပုဒ်မခွဲ(ဃ)၏ နောက်တွင် ပုဒ်မခွဲ(င)အဖြစ် အသစ် ဖြည့်စွက်ချက်ကို အလေးအနက် စဉ်းစားပြီး အတည်ပြုပေးရန် လိုအပ် ပါကြောင်း၊ မပြောင်းလဲ အတည်မပြု ဘဲ ချန်လှပ်ထားမည်ဆိုပါက မူရင်း ဥပဒေအတိုင်း အကြီးစားလုပ်ငန်းရှင် သူဌေးများ၏စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို အားပေးသကဲ့သို့ ဖြစ်နေပါ ကြောင်း၊ တစ်နည်းအားဖြင့် အသေး စား၊ အလတ်စား လုပ်ငန်းများကို အကြီးစားမဖြစ်ရန် ပိတ်ပင်တားမြစ် သည့် ဥပဒေသာ ဖြစ်သွားမည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အပိုဒ် ၄ ပါပုဒ်မ ၄ ပုဒ်မခွဲ(ဃ)၏ နောက်တွင် ပုဒ်မခွဲ (င)အဖြစ် အသစ်ဖြည့်စွက်ချက်ကို အခြေခံလူတန်းစားများ ကိုယ်စား အတည်ပြုပေးနိုင်ပါရန် ဆွေးနွေး သည်။
မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)မှ ဦးမင်းလွန်းအောင်က မိမိတို့ နိုင်ငံရှိ အခြေခံလူတန်းစား အရင်း အနှီးနည်းပါးသူများ လုပ်ကိုင်ကြမည့် အသေးစား၊ အလတ်စားလုပ်ငန်းများ ကိုအရင်းအနှီး၊ အဆင့်မြင့်နည်းပညာ နှင့် ကျွမ်းကျင်မှုအကူအညီများရရှိရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပေါင်း စပ်ပေးနိုင်မည့် ဥပဒေကြမ်း၏ အပိုဒ် ၄ ပါ ပုဒ်မ ၄ ပုဒ်မခွဲ(ဃ)၏ နောက် တွင် ပုဒ်မခွဲ(င)အဖြစ် အသစ်ဖြည့်စွက် ချက်ကို ထည့်သွင်းပြဋ္ဌာန်းပေးရန် ထောက်ခံပါကြောင်း ဆွေးနွေးခဲ့ သည်။
ထို့နောက် လွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေးချက်အပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ယခုဆွေးနွေးနေကြသည့် ဥပဒေကြမ်း ၏ အပိုဒ် ၄ ပါ ပုဒ်မ ၄ ပုဒ်မခွဲ(ဃ)၏ နောက်တွင် ပုဒ်မခွဲ(င)အဖြစ် အသစ် ဖြည့်စွက်ချက်သည် လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြုချက် များအပေါ်တွင် ပြင်ဆင်ဖြည့်စွက် ချက်အနေဖြင့် ထည့်သွင်းထားခြင်း ဖြစ်ပြီး ပူးပေါင်းကော်မတီ၏ သဘော ထားမှတ်ချက် မဟုတ်ပါကြောင်း၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များကို မဖွံ့ဖြိုးမတိုးတက် စေလိုသည့်ဆန္ဒဖြင့် ထည့်သွင်းစဉ်း စားခြင်းမဟုတ်ပါကြောင်း၊ လုပ်ငန်း လုပ်ကိုင်ခွင့် ရပြီးသူများဖြစ်သည့် အတွက် ယခုအသစ် ဖြည့်စွက်မည့် အပိုဒ် (၄)နှင့်လည်း ဥပဒေအရ မည်သို့မျှ မသက်ဆိုင်ပါကြောင်း၊ နိုင်ငံသား လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေ အပိုဒ်(၁၆) အပိုဒ်ခွဲ(စ)အရ နိုင်ငံခြား သားများနှင့် ပူးပေါင်းလုပ်ဆောင် မည်ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအတိုင်း လုပ်ဆောင်သွားရမည် ဖြစ်သည့်အတွက် ယခုပြင်ဆင်ချက် သည် သတ္တုတွင်းဥပဒေကြမ်းနှင့် မည်သို့မျှ မသက်ဆိုင်ပါသဖြင့် ပယ် ဖျက်သင့်ပါကြောင်း တင်ပြဆွေးနွေး သည်။
ဆက်လက်၍ သတ္တုတွင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်အောင်က ဥပဒေကြမ်း၏ အပိုဒ် ၄ ပါ ပုဒ်မ ၄ ပုဒ်မခွဲ(ဃ)၏ နောက် တွင် ပုဒ်မခွဲ(င) ဖြည့်စွက်ချက်၏ အဓိကအချက်မှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ် လုပ်ကိုင်ခွင့်ကို လျှောက်ထားရန် ဖြစ်ပါကြောင်း၊ တည်ဆဲနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရလည်း ခွင့်ပြုထားခြင်း မရှိသည့်အတွက် ခွင့်မပြုသင့်ပါကြောင်းနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပယ်ဖျက်လို သည့်ဆုံးဖြတ်ချက်ကို ထောက်ခံပါ ကြောင်းဖြင့်ဆွေးနွေးပြီး လွှတ်တော်၏အဆုံးအဖြတ်ကိုရယူရာ ဥပဒေကြမ်း ၏ အပိုဒ် ၄ ပါ ပုဒ်မ ၄ ပုဒ်မခွဲ(ဃ)၏ နောက်တွင် ပုဒ်မခွဲ(င) အသစ်ဖြည့် စွက်ခြင်းမပြုကြောင်း ဆုံးဖြတ်ခဲ့ သည်။


(သတင်းစဉ်)

No comments:

Post a Comment