Saturday, May 30, 2015

မော်တော်ယာဉ်များ ရပ်နားသိမ်းဆည်းနိုင်မည့် နည်းစနစ်များပြသ



The Mirror Daily's photo.


ရန်ကုန် မေ ၂၉

ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်တည်းရှုပ်ထွေးမှုကြောင့် မြို့နေ ပြည်သူများနှင့် ခရီးသွားများ၏ အခက်အခဲများကို နေ့စဉ် နံနက်မှ ညနေမိုးချုပ်သည်အထိ တွေ့ကြုံခံစား နေကြရသည်။ ရန်ကုန်မြို့နေ ပြည်သူ များက အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ခြင်းနှင့်အတူ ကိုယ်ပိုင်ကားရပ်နားရန် နေရာများ ကို အဆောက်အအုံ၏ မြေအောက်(Basement) တွင် တည်ဆောက်လာ ကြသည်။ သို့သော်လည်း အဆောက် အအုံတွင် နေထိုင်သူများအားလုံးအတွက် ယာဉ်ရပ်နားရန်နေရာ အလုံအလောက် မပေးနိုင်သည်ကို တွေ့ကြုံရသည်။

အများအားဖြင့် ယာဉ်ရပ်နားရန် နေရာကို အများပြည်သူတို့အသုံးပြု သည့် လမ်းမများပေါ်တွင် ရပ်တန့် ညအိပ်ခြင်းဖြင့် ဖြေရှင်းနေကြသည်။ ကိုယ်ပိုင်မြေညီထပ်တွင် နေထိုင်သူ များက မိမိတို့၏ မော်တော်ယာဉ်ကို အိမ်ခန်းတွင်းသို့ မောင်းနှင်ခြင်းဖြင့် လွယ်ကူစွာ သိမ်းဆည်းကြသည်။
မေ ၂၇ ရက်မှ ၂၉ ရက်ထိ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်း စင်တာ၌ ကျင်းပသည့် မြန်မာ့ဦးဆောင် ဆောက်လုပ်ရေးနည်း ပညာနှင့် ပစ္စည်းကိရိယာများပြပွဲ (Build Tech Yangon 2015) တွင် X121-1 UK Parking Systems  ဖြင့် မော်တော်ယာဉ်များကို အလွှာ လိုက်၊ အခန်းလိုက်သိမ်းဆည်းထား ပုံကို မြင်တွေ့ရသည်။

TPWျ ကုမ္ပဏီမှ မန်နေဂျာ ဒေါ်ခင်မျိုးသူက ရှင်းလင်းပြောပြရာ တွင် ယခုပြသထားသည့် စနစ်မှာTwo Story Parkingါ စနစ် ဖြစ် ကြောင်း၊ သုံးတန် အလေးချိန်ရှိ ကားခြောက်စီးကို သိမ်းဆည်းနိုင်ပြီး ဂါမာနှိုက်စ်စတီးဖြင့် တည်ဆောက် ထားခြင်းကြောင့် ကြံ့ခိုင်ပြီး သံချေး မတက်နိုင်ကြောင်း၊ အလျား ၂၅ ပေ၊ အနံပေ ၂ဝ၊ အမြင့် ၁၅ ပေရှိ မြေနေရာတွင် အောက်ခံမြေသားမှာ လေးလက်မထုရှိ ကွန်ကရစ်မြေသား ရှိရန်လိုအပ်ကြောင်း၊ မော်တော် ယာဉ်များ ရွေ့လျားစနစ်ဖြင့် အတင် အချပြုလုပ်နိုင်ရန်အတွက် ၂ ဒသမ ၂ မြင်းကောင်ရေအားရှိ မော်တာကို တပ်ဆင်ထားကြောင်း ပြောကြားသည်။

အဆိုပါ စနစ်အရ မော်တော်ယာဉ် များကို ခုနစ်လွှာအထိထားရှိနိုင်ပြီး အထပ်မြင့်အဆောက်အအုံများ အတွက် Elevator Parking စနစ် လည်းရှိကြောင်း သိရသည်။ ထိုယာဉ် ရပ်နားရန် နေရာတည်ဆောက်ခြင်း ကို နှစ်ရက်ခန့် အချိန်ယူတည် ဆောက်ပေးပြီး အရေးပေါ်လိုအပ် ချက်များရှိပါက ၂၄ နာရီ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရ သည်။

ရန်ကုန်မြို့နှင့်တကွ အခြားမြို့ကြီး များတွင်နေထိုင်ကြသည့် မော်တော် ယာဉ်ပိုင်ရှင်များသည် မိသားစု အလိုက်ကိုယ်ပိုင်ကားများကို တစ်စီး ထက်မက ဝယ်ယူသုံးစွဲလျက်ရှိရာ မိမိတို့၏ မော်တော်ယာဉ်များကို နေအိမ်၊ ခြံဝင်းအတွင်း အလို အလျောက်အထပ်လိုက် သိမ်းဆည်း ပေးနိုင်မည့် ထိုစနစ်များကို သိရှိလိုပါ က အမှတ် (၃၁) အခန်း(၅) (၇)မိုင်ခွဲ ပြည်လမ်း မရမ်းကုန်းမြို့နယ် ရန်ကုန် မြို့ရှိ TPW သို့ သွားရောက်လေ့လာ နိုင်ကြောင်း သိရသည်။
(အောင်သူရ)

No comments:

Post a Comment