Friday, May 1, 2015

ကျပ်သိန်းပေါင်း ၁၃၄၆၆ သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


 
နေပြည်တော် ဧပြီ ၃ဝ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်း လားမြို့နယ် ဝမ်တာပင်းပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဧပြီ ၂၈ ရက် ညနေပိုင်းတွင် တပ်မတော်နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လုံခြုံ ရေးအရ စစ်ဆေးစဉ် မိုင်းလားဘက်မှ ကျိုင်းတုံမြို့သို့ ဦးအားမေရှင်း မောင်းနှင်လာသော ဖော်ကျူနား အနက်ရောင်ယာဉ်အား မသင်္ကာ ဖွယ်ရာတွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေ ရာ မော်တော်ယာဉ်၏ ဆီတိုင်ကီ အတွင်းနှင့် ယာဉ်မောင်းထိုင်ခုံ အောက်တို့မှ ကာလတန်ဖိုးကျပ် ၁၂၇၆ သိန်းခန့်ရှိသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၃၈ဝဝ၊ ကာလတန်ဖိုးကျပ် သိန်း ပေါင်း ၁၂၁၉ဝ ခန့်ရှိသော အိုက်စ် ၅၃ ကီလိုဂရမ်နှင့် လက်ကိုင်ဖုန်း နှစ် လုံးတို့အား သိမ်းဆည်းရမိသည်။
အဆိုပါ ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းရာ မော်တော်ယာဉ် ကို ပန်ဆန်း၊ မိုင်းပေါက်မြို့မှတစ်ဆင့် မိုင်းလားမြို့သို့ စိစစ်ဆဲအမျိုးသား တစ်ဦးက မောင်းနှင်လာပြီး၎င်း၏စေခိုင်းမှုဖြင့် မိုင်းလားမြို့မှ ကျိုင်းတုံမြို့၊ ၄င်းမှတစ်ဆင့် တစ်ဖက် နိုင်ငံသို့ ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်းအဖွဲ့အစည်းအချို့ ဆက် စပ်ပါဝင်မှုရှိကြောင်း ပဏာမ သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်း ဆီးရမိသူအား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး နောက် ကွယ်မှကြိုးကိုင်စေခိုင်းသူများနှင့် ဆက်စပ်အဖွဲ့အစည်းများအား ဖော် ထုတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment