Saturday, May 2, 2015

မလှိုင်မြို့နယ်၌ အေးမေတ္တာဖြူစင် တံတားသစ် တည်ဆောက်ပြီးစီး



မလှိုင် မေ ၁

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တည်ဆောက်ခဲ့သည့် အရှည်ပေ ၃၂ဝ၊ အကျယ် ၁၄ ပေ ၊ အမြင့် ၉ ပေ၊ ခွင့်ပြုတန်ချိန် ၁၃ တန်ရှိ အေးမေတ္တာဖြူစင်တံတား သစ်တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တံတားတည်ဆောက်မှုကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ်သန်း ၁၆ဝ ဖြင့် တင်ဒါအောင် မြင်သော ထွန်းတောက်ရောင်နီကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တံတားသစ်ကြီး တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ တံတားတစ်ဖက်ရှိ လေးတိုင်စင်၊ အုတ်ကြီး၊ အုတ်ကလေး၊ ဂွေးကုန်း၊ ယာရှည်၊ ဒဟတ္တန်း၊ ဆည်တို စသည့် ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် တံတားကြီးကိုဖြတ်၍ မိတ္ထီလာ၊ မလှိုင်မြို့များသို့ အလွယ်တကူ သွားရောက် နိုင်ပြီဖြစ်ရာ ဒေသခံပြည်သူတို့၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်သည်။

တံတားတည်ဆောက်ပြီးစီးမှုအခြေအနေကို မလှိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် သိန်းလှိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် တာဝန်ရှိသူများ ဧပြီ ၂၉ ရက်က သွားရောက် ကြည့်ရှုခဲ့သည်။ ဆက်လက်၍ မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့်အဖွဲ့သည် ဖျောက်ကုန်းကျေးရွာရှိ မေတ္တာပေါင်းကူးတံတား တည် ဆောက်ပြီးစီးမှုအခြေအနေကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံ ပြည်သူများအား ကျေးရွာဘုန်းကြီးကျောင်း၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)

No comments:

Post a Comment