Wednesday, April 1, 2015

ယှဉ်ပြိုင်မှုပုံစံကြောင့် ဖာဘရီဂတ်စ်၏ အရည်အသွေးပိုမိုမာကျောလာဟု ဒယ်လ်ဘော့စကေးပြောကြား

'ယှဉ်ပြိုင်မှုပုံစံကြောင့် ဖာဘရီဂတ်စ်၏
အရည်အသွေးပိုမိုမာကျောလာဟု ဒယ်လ်ဘော့စကေးပြောကြား
=============================================

စပိန်အသင်းတွင် အရည်အသွေးမြင့် ကွင်းလယ်ကစားသမားများ များပြားနေမှုကြောင့် ယခုနှစ် ဘောလုံးရာသီတွင် ချယ်လ်ဆီး ကွင်းလယ်၌ ခြေစွမ်းပြနေသော ဖာဘရီဂတ်စ်အတွက် စပိန်လက်ရွေး စင်အသင်း၌ ပုံမှန်ပွဲထွက်ကစားခွင့်ရရန်  ရုန်းကန်နေရကြောင်း၊  ယင်းအတွက်ကြောင့်လည်း ဖာဘရီဂတ်စ်၏ အရည်အသွေးမှာ ပိုမိုမာကျောမှု ရှိလာကြောင်း စပိန်နည်းပြ ဒယ်လ်ဘော့စကေးက  ဆိုသည်။ ချယ်လ်ဆီးကစားသမား ဖာဘရီဂတ်စ်သည် စပိန်နှင့်ယူကရိန်းတို့ ယှဉ်ပြိုင်ကစားခဲ့သော ဥရောပဖလားခြေစစ် ပွဲတွင် ပွဲချိန်မိနစ် ၉ဝ လုံး ဝင်ရောက် ကစားခွင့်မရဘဲ အရန်ခုံတွင်သာ ထိုင်နေခဲ့ရသည်။

ယင်းသို့ ဖာဘရီဂတ်စ်အနေဖြင့် ဝင်ရောက်ကစားခွင့် မရရှိခြင်းမှာ စပိန်ကွင်းလယ်၌ ဘာစီလိုနာ ကွင်းလယ်ကစားသမား သုံးယောက် တွဲဖြစ်သည့် ဇာဗီ၊ ဘက်စကွတ်ဇ်နှင့် အင်နီယေစတာတို့ကိုသာ နည်းပြ ဒယ်လ်ဘော့စကေးက ပိုမိုနှစ်သက်မှုရှိရာ စပိန်ကွင်းလယ် အင်ဂျင်၌ ဖာဘရီဂတ်စ်အနေဖြင့် ပုံမှန် ပွဲထွက်ခွင့်ရရန် ခက်ခဲလာသည်။

ဒယ်လ်ဘော့စကေးက ''၂ဝ၁၂ ခုနှစ်လောက်က  ကျွန်တော်တို့ ကွင်းလယ်ကစားသမား ခြောက်ယောက်ထားကစားတဲ့ ၄-၆-ဝ ကစား ကွက်မှာ  ဖာဘရီဂတ်စ်က ပုံမှန် ပွဲထွက်ခွင့်ရတဲ့ ကစားသမားပါ။ အခု တိုက်စစ်ကစားကွက်ကို အသုံးပြုတဲ့ စနစ်မှာကျတော့  ကွင်းလယ်နေရာ နည်းသွားတဲ့အတွက်  သူ့အနေနဲ့ ကစားခွင့်ရချင်လည်းရမယ်။ ဒါမှမဟုတ် တခြားကစားသမားတွေကို သုံးချင်လည်းသုံးသွားမယ်။ ကျွန်တော်တို့အသင်းက ၂ဝ၁၄ ကမ္ဘာ့ဖလား မတိုင်မီက ကောင်းမွန်တဲ့ ချီးကျူး မှုတွေကိုချည်းရခဲ့ပြီး နောက်ပိုင်းမှာတော့  အနုတ်လက္ခဏာဆောင်တဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတယ်။ ဒါတွေကို အပြောင်းအလဲအတွက်အချက်ပေး တပ်လှန့်မှုပဲလို့ ကျွန်တော် ခံယူထား ပါတယ်''ဟု ဆိုသည်။

ဒယ်လ်ဘော့စကေးအနေဖြင့် မတ် ၃၁ ရက်တွင် ကစားမည့် နယ်သာလန် အသင်းနှင့် ချစ်ကြည်ရေးခြေစမ်းပွဲ တွင် ကမ္ဘာ့ဖလားရှုံးကြွေးကိုဆပ်၍ လက်စားချေရန်ထက် ကစားကွက် အသစ်တစ်ခုကိုသာ ပြောင်းလဲ ကျင့်သုံးရန် ချမှတ်ထားပြီး ကစားသမားသစ် ဗီတိုလိုနှင့် ဂျူအန်မီတို့ကို ပထမဆုံးအကြိမ်အဖြစ် ရွေးချယ် ခေါ်ယူထားသည်။

(မေလဲ့သင်း)'

(မေလဲ့သင်း)

No comments:

Post a Comment