Tuesday, April 28, 2015

ရထားလမ်းကွေ့လမ်းပျက်ကြီးကြောင့် ခရီးသွားပြည်သူများအခက်တွေ့

 


ထင်သာမြင်သာပြုပြင်စရာ

နတ်မောက် ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး နတ် မောက် မြို့နယ်အတွင်းရှိ နတ်မောက် ကျောက်ပန်းတောင်း လမ်းမသည် လေးအိမ်ကျေးရွာအနီး မိုင်တိုင် ၅၅/၅နှင့် ၅၅/၆ ကြားရှိ ရထား ဖြတ်ကူးရာလမ်းမတွင် ယခုအခါ ဆိုးရွားစွာပျက်စီး၍ ချိုင့်ခွက်များ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူ များနှင့် ခရီးသွားပြည်သူများ မကြာ ခဏဆိုသလို မတော်တဆဖြစ်ရပ် များနှင့် ကြုံတွေ့နေရကြောင်း သိရ သည်။

အဆိုပါ လမ်းမကြီး၏ လမ်းဘေး ဝဲယာများ၌ လမ်းပြုပြင်ရန် ကျောက်ပုံ များ၊ ထင်းများနှင့် ကတ္တရာကျိုရန် ပစ္စည်းများချထားသော်လည်း ပြုပြင် ရန် နှောင့်နှေးနေကြောင်း၊ ညအခါ ခရီးသွားများအတွက် အန္တရာယ်ဖြစ် နိုင်၍ စိုးရိမ်နေရကြောင်း နတ်မောက် မြို့မှ ဒေသခံတစ်ဦးက ပြောပြ၍ သိရသည်။

''နတ်မောက်မြို့ကနေ လေးအိမ် ရွာ၊ ရွာမွန်ကျေးရွာကို အရောင်း အဝယ်လုပ်ဖို့ သွားလာကြတဲ့အပြင် အခြားဒေသတွေက ခရီးသွားတွေ လည်း ဆိုင်ကယ်၊ သုံးဘီး၊ ကားတွေနဲ့ စဉ်ဆက်မပြတ် သွားနေကြတယ်။
အခြားကုန်တင်ယာဉ်တွေနဲ့ ကျောက် ပန်းတောင်းမြို့၊ ပျော်ဘွယ်၊ နေပြည် တော် Express ကားတွေ၊ ကားလေး တွေလည်း နေ့စဉ်သွားလာနေတော့ ရထားလမ်းကွေ့ အရှောင်အတိမ်းမှာ မကြာခဏ အန္တရာယ်ဖြစ်နေကြတယ်။လမ်းပြင်ဖို့ ကျောက်တွေပစ္စည်းတွေ ချထားပေမယ့်လည်း ကြန့်ကြာနေ တယ်'' ဟု ယာဉ်မောင်းတစ်ဦးက ပြောပြသည်။
ဇွဲထက်ရှင်

No comments:

Post a Comment