Friday, April 3, 2015

'ဒီနေ့ဖိုရမ်မှာ ခေါင်းစဉ်တွေအများကြီးရှိတဲ့အထဲက ကိုယ်ကြိုက်တဲ့ခေါင်းစဉ်ကို ဆွေးနွေးနိုင်ပါတယ်၊ အသက်မွေးဝမ်းကျောင်းနဲ့ ဆိုင်တာတွေ အများကြီးလေ့လာသိရှိရပါတယ်'






မြန်မာနိုင်ငံ၏ဆော့ဖ်ဝဲနည်းပညာလုပ်ငန်းအဆောက်အအုံသည် တစ်နေ့ထက်တစ်နေ့ တိုးတက်လာသည်နှင့်အမျှ လူငယ်များအကြားတွင် ဘဝခရီးလမ်း၌ ခိုင်မာသေချာသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ရွေးချယ်လုပ်ကိုင်လျက် ရှိကြပေသည်။ မြန်မာနိုင်ငံ၏ ဆော့ဖ်ဝဲနည်းပညာဆိုင်ရာလုပ်ငန်းများ ယခုထက်ပိုမို တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်အပိုင်းက လိုအပ်သည့်အခြေခံအဆောက်အအုံများကို ပံ့ပိုးပေးနေသည့်အပြင် လူငယ်များအကြား နည်းပညာဆိုင်ရာ အသိအမြင်များတိုးတက်စေရေးအတွက် အိုင်တီဆိုင်ရာ နည်းပညာပြပွဲများနှင့် ဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိသည်။
အဆိုပါ ပြပွဲများအနက်Myanmar Software Showcase 2015 အမည်ဖြင့် နည်းပညာပြပွဲကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ကျင်းပခဲ့ရာ နည်းပညာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ ၄ဝဝ တက်ရောက်လေ့လာပြီး မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ကြသည်။ နည်းပညာပြပွဲ တက်ရောက်လာကြသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည် -
ဦးဇော်မင်းဦး(အထွေထွေအတွင်းရေးမှူး၊မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်)
Myanmar Software Showcase 2015 ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာရှိတဲ့ လူငယ်စွန့်ဦးတီထွင် သူတွေရဲ့ လုပ်နိုင်တဲ့ စွမ်းအားတွေကို ပြသမြေတောင်မြှောက်ပေးဖို့နဲ့ နိုင်ငံ အတွင်းမှာရှိတဲ့ ပြည်တွင်းဆော့ဖ်ဝဲကုမ္ပဏီတွေက ရေးသားထားတာတွေကို အစိုးရဝန်ကြီးဌာနတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေကို အသိပေး ချင်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။
ပြီးတော့ မြန်မာလူငယ်တွေလုပ်တဲ့ ဆော့ဖ်ဝဲတွေကို အဓိကပြသချင်တယ်။ ကျွန်တော်တို့မှာအလွန်ကောင်းမွန်တဲ့ICT Industry အနာဂတ်ရှိပါတယ်။ သိပ်မကြာခင်ကာလအတွင်းမှာ တိုင်းပြည်ရဲ့ဝင်ငွေကိုအထောက်အပံ့ပေးနိုင် တဲ့Industry ဖြစ်လာမှာပါ။
ဒါပေမယ့် ကျွန်တော်တို့မှာ လူရှားပါးတဲ့အခက်အခဲကိုရင်ဆိုင်နေရ တယ်။ ဒီ Industryထဲက ကလေးတွေဟာ ကျောင်းပြီးတဲ့အခါ ဒီအလုပ်နဲ့ ပြန်ပြီးအသက်မမွေးကြဘူး။ သူတို့တွေကို ဒီ Industry ထဲမှာနေစေချင်တယ်။ တခြားစိတ်ပါဝင်စားသူတွေကိုလည်း Industryထဲမှာ လာရောက်လုပ်ကိုင်စေ ချင်တယ်။
ဒီပွဲကိုစီစဉ်နေတာတော်တော်ကြာပါပြီ။ ဒီပွဲကို နိုင်ငံတော်အဆင့်ကျင်းပမှာ ဖြစ်တဲ့အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာနနဲ့ ပူးပေါင်းပြီး လွန်ခဲ့တဲ့လေးလလောက်ကတည်းက စီစဉ်ဆောင်ရွက်ခဲ့တာပါ။ အခု ဒီလို ပြုလုပ်တဲ့အခါမှာလည်း နိုင်ငံအတွင်းမှာရှိတဲ့ Entrepreneur ပေါင်း ၄ဝ ပါဝင်ပါတယ်။ အခုဒီနေ့ပြုလုပ်တဲ့ဖွင့်ပွဲမှာလည်း ရည်ရွယ်ချက်တစ်ခု အနေနဲ့ Presentation ပေးချင်တဲ့အတွက် စွန့်ဦးတီထွင်လူငယ်တစ်ယောက် ရေးထားတဲ့ စစ်သူကြီးဂိမ်းနဲ့ ဖွင့်လှစ်ပေးခဲ့တယ်။ တစ်ဖက်ကလည်းလူငယ်တွေရဲ့ အနာဂတ်နဲ့ တိုင်းပြည်ကို တည်ဆောက်ရမှာဖြစ်တဲ့အတွက် သူတို့ကိုယ်တိုင် လုပ်ထားတဲ့ ဂိမ်းနဲ့ဖွင့်တယ်။ ပြီးတော့လည်း သူတို့ကိုဖော်ညွှန်းတဲ့ တေးသီချင်းလေးနဲ့ ဖျော်ဖြေပါတယ်။
ဒီပွဲမှာ ကျောင်းသားကျောင်းသူတွေတက်ဖို့ နိုင်ငံတော်သမ္မတက စီစဉ်ပေးတာပါ။ ကျွန်တော့်အနေနဲ့ ကျောင်းသားတွေကို ဒီလိုလာပြီးလေ့လာစေဖို့က ခက်ခဲတဲ့ကိစ္စပါ။ နိုင်ငံတော်က စီစဉ်ပေးပြီး တစ်တိုင်းပြည်လုံးက ကျောင်းသားတွေကို ဖိတ်ခိုင်းတာပါ။ ဒါပေမယ့် စာမေးပွဲရက်နဲ့ တိုက်တာတွေလည်း ရှိတော့ အားလုံးတော့ မလာရောက်နိုင်ဘူး။
နောက်တစ်ကြိမ်မှာတော့ စာမေးပွဲတွေ လွတ်တဲ့အချိန်မှာ တက္ကသိုလ်တွေ အားလုံးဖိတ်ကြားသွားမှာပါ။ ဒီလိုပွဲမျိုးကို တစ်နှစ်တစ်ခေါက်လောက် လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့လုပ်တဲ့ပွဲမှာ အဓိကကတော့ ဒီလူငယ်တွေကို ကျွန်တော်တို့ ဘယ်လိုတိုးတက်အောင်နဲ့ လူငယ်တွေ အနာဂတ် တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ စွန့်ဦးတီထွင်စိတ်တွေကို မွေးထုတ်စေချင်တယ်။ ယုံကြည်မှုတွေလည်း ရှိလာစေချင်တယ်။
မအေးအေးမြင့် (မဟာတန်းကျောင်းသူ၊ မန္တလေးကွန်ပျူတာတက္ကသိုလ်)
ဒီနေ့ဖိုရမ်မှာ ခေါင်းစဉ်တွေအများကြီးရှိပါတယ်။ ဒီအထဲကမှ ကိုယ် ကြိုက်တဲ့ ခေါင်းစဉ်ကိုဆွေးနွေးနိုင်ပါတယ်။ ကျွန်မကဖိုရမ်မှာ Game Industry အကြောင်းနဲ့ ပတ်သက်ပြီးစိတ်ဝင်စားပါတယ်။ ပြီးတော့ IT Carrier ရယ်၊ Game Developer ရယ်နဲ့Mobile Health Care အကြောင်းတွေနဲ့ ပတ်သက်ပြီး seminarသုံးခုတက်ခဲ့ပါတယ်။ ဒီနေ့ဖိုရမ်က ကျွန်မတို့ ဗဟုသုတ တွေအများကြီးရပါတယ်။ ကိုယ်တက်နေတာ ဘာကြောင့်တက်ဖြစ်နေတာလဲဆို တာရယ် ပြီးတော့ကိုယ်အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တာတွေ အများကြီး လေ့လာသိရှိရပါတယ်။GameDeveloper ကို လေ့လာခဲ့ပြီးတော့ အားလုံးကို ပျော်ရွှင်စေနိုင်တဲု့Gameတစ်ခုကိုရေးခွင့်ရရင် ရေးချင်ပါတယ်။
မောင်ညိုဝင်းအောင်(စွန့်ဦးတီထွင်လူငယ်တစ်ဦး)
ကျွန်တော်သင်တန်းကျောင်းတွေ တက်ချင်တယ်။ ဘယ်သင်တန်း တက်ရမလဲဆိုတာ အပြည့်အစုံဖော်ပြပေးတဲ့ Website ဆိုတာရှာလို့မရဘူး။ ကျွန်တော့်လိုပဲ အခက်အခဲတွေ့မယ့်သူတွေရှိမှာပဲလို့ စဉ်းစားမိတာကနေ အခုလိုရေးဖြစ်ခဲ့ တာပါ။ သင်တန်းတက်ဖို့သာမကဘူး၊ သင်တန်းတက်ပြီးရင် ဘယ်လိုအလုပ် အကိုင်ရနိုင်သေးလဲဆိုတာကို တစ်ခါတည်းတွဲပြီး ဖော်ပြရင်ကောင်းမယ်လို့ အလုပ်ပါတစ်ခါတည်း ထည့်လိုက်တယ်။ သင်တန်းတက်တဲ့သူက သင်တန်းပြီး ရင် ဘာအလုပ်အကိုင်ရမလဲဆိုတာကို တစ်ခါတည်းတွေ့ရမယ်။ အလုပ်ရှာချင် တဲ့သူကလည်း ဒီလိုအလုပ်မျိုးရဖို့ ဘယ်သင်တန်းတွေ တက်ရမယ်ဆိုတာကို တစ်ခါတည်းတွေ့ရပါမယ်။ လောလောဆယ်တော့Websiteဝင်တဲ့ဦးရေက ၇ဝဝ ကျော်သွားပါပြီ။
လောလောဆယ်မှာတော့ ကျွန်တော် အဓိကရည်ရွယ်တာက လုပ်ငန်းခွင် ကိုသွားနိုင်မယ့်သင်တန်းမျိုးပေါ့။ ဥပမာ-ဘွဲ့ရပြီးတော့ Academic ဘွဲ့တော့ရှိပြီ။ ဒါပေမယ့် လုပ်ငန်းအတွေ့အကြုံတော့ လိုသေးတယ်။ အတွေ့ အကြုံ သင်ပေးတဲ့သင်တန်းတွေ ရှာတာကို အဓိကထားပါတယ်။ နောက်ပိုင်း ကျရင်တော့ နိုင်ငံတကာကျောင်းမှာ ဆက်လုပ်ဖို့တော့ရှိတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ကျွန်တော်တို့အဓိကက အလုပ်တန်းဝင်လို့ရမယ့် သင်တန်းတွေကို ဦးစားပေးထားပါတယ်။
မနန့်သဇင်ဇော် (မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသူ)
ကျောင်းက ဆရာမတွေကနေပြီးတော့ နေပြည်တော်မှာ ဆော့ဖ်ဝဲပြပွဲရှိ တယ်ဆိုတော့ စိတ်ဝင်စားလို့လာခဲ့တယ်။ တပ်မတော်ခန်းမမှာ လုပ်တဲ့ပွဲတွေကိုလည်း သွားဖူးပါတယ်။ တချို့ကိုယ်မသိတာတွေ နည်းနည်းပါးပါးသိလာတယ်။ နောက်ပြီး ခေတ်လည်းနောက်မကျဘူးပေါ့။ သူများနည်းတူ ရင်ပေါင်တန်း နိုင်တာပေါ့။ ဆော့ဖ်ဝဲအသစ်တွေကနေ တစ်ဆင့် ညီမတို့ Project မှာ ဘယ်လိုပေါင်းစပ်အသုံးပြုရမလဲဆိုတဲ့ အသိအမြင်ကျယ်စေပါတယ်။ ဒါကြောင့် အခုလိုပွဲမျိုးတွေကို များများလုပ်စေချင်ပါတယ်။ ညီမတို့ သင်ကြားနေတဲ့ ဘာသာရပ်မှာ ကွန်ပျူတာနဲ့ ပုံတွေဆွဲရတဲ့ Auto Card ဆော့ဖ်ဝဲကို အသုံးပြု ရပါတယ်။ သုံးနေရင်း ပုံတွေအရမ်းများသွားရင် မနိုင်တာတို့ဘာတို့ရှိတယ်။ ကွန်ပျူတာတွေဆိုရင် ညီမတို့က အသစ်တွေအသစ်တွေ လေ့လာတယ်။
ဒေါ်အေးအေးသင်း (အကြံပေး၊ Myanmar ICT Development Corporation Co., Ltd.)
ပြပွဲမှာအဓိကပြသထားတာက မြန်မာနိုင်ငံရဲ့Digital Certificate တွေ ထုတ်ပေးတာကို ပြသခဲ့ပါတယ်။ Digital Certificate တွေကိုOnline မှာ တစ်ယောက်နဲ့တစ်ယောက် e-mail နဲ့ Message တွေပို့တဲ့အခါမှာ လုံခြုံစိတ်ချရအောင် ဝန်ဆောင်မှုပေးတာပါ။ တကယ်လို့ အပြင်မှာရောက်နေချိန် အရေးကြီးတဲ့ စာရွက်စာတမ်းတွေမှာ လက်မှတ်ရေးထိုးဖို့လိုတဲ့အခါမှာလည်း အလွယ်တကူ Digital Signature Sign ထိုးနိုင်အောင် Certificate တွေကို ထုတ်ပေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကMyanmar Payment Union ဘဏ်အချင်းချင်းငွေပို့ငွေယူ NPU Network မှာလည်း အသုံးပြုနေပါ တယ်။ အဓိကအများဆုံးသုံးနေတာက ဘဏ်တွေက အစသုံးတယ်။ ငွေပေး ငွေယူကိစ္စတွေဆိုတော့ လုံခြုံရေးလိုအပ်တဲ့အတွက် အများဆုံးအသုံးပြုကြပါ တယ်။ ဒါကြောင့် ဒီပွဲမှာ လူငယ်တွေအနေနဲ့ အွန်လိုင်းလုံခြုံမှုဆိုင်ရာ ဆော့ဖ်ဝဲတွေ ရင်းနှီးကျွမ်းဝင်အောင် မိတ်ဆက်ပြသပေးခြင်းဖြစ်ပါတယ်။
မောင်ထက်အောင် (မန္တလေးနည်းပညာတက္ကသိုလ်)
ကျွန်တော်က မန္တလေးနည်းပညာတက္ကသိုလ်မှာ ဗိသုကာပညာအဓိကနဲ့ နောက်ဆုံးနှစ် တက်ရောက်နေပါတယ်။ အခုပြပွဲမှာ ကွန်ပျူတာဆော့ဖ်ဝဲမျိုးစုံကို လေ့လာထိတွေ့ခွင့်ရတဲ့အပြင် ကွန်ပျူတာပရောဖက်ရှင်နယ်ပညာရှင်များ ရဲ့ နည်းပညာရပ်ဆိုင်ရာအတွေ့အကြုံ ဆွေးနွေးပွဲတွေကို တက်ရောက်နားထောင်ရလို့ အရမ်းဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့ တက်ရောက်နေတဲ့ ပညာရပ်ကို ကွန်ပျူတာဆော့ဖ်ဝဲရေးသား အသုံးပြုတဲ့ အတွက် ဘယ်လောက်အကျိုးသက်ရောက်တယ်။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ကျွန်တော်တို့ ဘာသာရပ်ဆိုင်ရာ ဆော့ဖ်ဝဲအကြောင်းတွေကို သိရှိနားလည်ခဲ့ရပါ တယ်။ အခုလိုပွဲမျိုးတွေ များများကျင်းပပေးစေချင်ပါတယ်။
မအေးအေးမြင့်(မဟာတန်း၊ မန္တလေးကွန်ပျူတာကတ္ကသိုလ်)

No comments:

Post a Comment