Tuesday, April 28, 2015

လက်ရှိချန်ပီယံ နီရှီကိုရီ ဘာစီလိုနာအိုးပင်းတင်းနစ်ဖလား ဆွတ်ခူး





The Mirror Daily's photo.

ဘာစီလိုနာအိုးပင်းတင်းနစ်ဖလား အမျိုးသားတစ်ဦးချင်း နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ဂျပန်တင်းနစ်ကစားသမား နီရှီကိုရီနှင့် စပိန်တင်းနစ်ကစားသမား အန်ဒူဂျာတို့ ဧပြီ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ နီရှီကိုရီက အန်ဒူဂျာအား ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာအိုးပင်းတင်းနစ်ဖလားကို ဆွတ်ခူး နိုင်ခဲ့သည်။

လက်ရှိဘာစီလိုနာအိုးပင်းတင်းနစ်ချန်ပီယံ နီရှီကိုရီသည် ယခုတစ်ကြိမ် ထပ်မံဗိုလ်စွဲခဲ့ခြင်းကြောင့် နီရှီကိုရီ၏ တင်းနစ်ကစားသမားဘဝတစ်လျှောက် တွင် (၉)ကြိမ်မြောက် အေတီပီကမ္ဘာ့တင်းနစ်ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ ခြင်းပင်ဖြစ်သည်။

''အခုပွဲမှာ အနိုင်ရလိုက်တာက ကျွန်တော့်အတွက် ပိုမိုအားတက်စရာ ဖြစ်စေခဲ့ပါတယ်။ အခုနှစ်ထဲမှာ ဒီပြိုင်ပွဲဟာ ကျွန်တော့်အတွက် အကောင်းဆုံး ပြိုင်ပွဲတွေထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ်''ဟု ကမ္ဘာ့အဆင့်(၅)နေရာတွင် ရပ်တည်လျက်ရှိသည့် ဂျပန်ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမား နီရှီကိုရီက ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ထို့ပြင် လာမည့်နှစ် ဘာစီလိုနာအိုးပင်းတင်းနစ်ပြိုင်ပွဲတွင်လည်း ထပ်မံဗိုလ်စွဲရန် မျှော်လင့်ထားကြောင်းလည်း နီရှီ ကိုရီက ထုတ်ဖော်ပြောကြားခဲ့သည်။

နီရှီကိုရီသည် အေတီပီတစ်ဦးချင်းအဆင့်တွင် ထိပ်ဆုံး ၁ဝ ဦး စာရင်း အမြဲတမ်းဝင်သည့် ဂျပန်နိုင်ငံ၏ ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမား တစ်ဦးဖြစ်ပြီး တင်းနစ်ကို အသက်(၅)နှစ်အရွယ်မှစတင်ကာ လေ့လာခဲ့သူဖြစ်သည်။ နီရှီကိုရီသည် ၂ဝ၁၄ အမေရိကန် အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် နောက်ဆုံး ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သူဖြစ် ပြီး လာမည့်မေလတွင် ယှဉ်ပြိုင်ကစား မည့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားနေသည့် တင်းနစ်ကစားသမားများအနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်းလည်း သိရသည်။
(နိုင်လင်းကြည်)

No comments:

Post a Comment