Tuesday, April 28, 2015

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့၌ ကြည့်ရှုလေ့လာ




ကွမ်ကျိုး ဧပြီ ၂၇

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၅ ရက် ညပိုင်းတွင် ကွမ်ကျိုးမြို့ရှိ ကန်တုံတာဝါ (Canton Tower) သို့ သွားရောက်လေ့လာကြရာ ကန်တုံတာဝါ (Canton Tower) ဒုတိယအထွေထွေ မန်နေဂျာ Mr. Wu Hao Zhong နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်၍ ကန်တုံတာဝါမှ ကွမ်ကျိုးမြို့ရှုခင်းအား ကြည့်ရှုကြသည်။ ကန်တုံတာဝါသည် အာရှတွင် တတိယအမြင့်ဆုံးတာဝါတစ်ခုဖြစ်ပြီး အထပ်ပေါင်း ၁၁၈ ထပ်ရှိကာ မီတာ ၆ဝဝ ခန့် မြင့်သည်။ ယင်းတာဝါအား (၅)နှစ်ကြာ တည်ဆောက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် ကွမ်ကျိုးမြို့ LEAFUN HI-TECH COMPANY သို့ ရောက်ရှိ ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ကွမ်ကျိုးမြို့ Yushu Community သို့ ရောက်ရှိရာ အုပ်ချုပ်ရေးမှူး Mr. Xie Jie Ying က လိုက်လံရှင်းလင်းတင်ပြသည်။

ယင်းနောက် ကွမ်ကျိုးမြို့ဖွံ့ဖြိုးတိုးတက်ရေးဇုန်သို့ ရောက်ရှိကြရာ ပြခန်းအတွင်းရေးမှူး မစ္စတာ ချန်းကျယ်ဇီနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
၎င်းနောက် ကွမ်ကျိုးမြို့မှ လေကြောင်းခရီးဖြင့် ပေကျင်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ လေဆိပ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးကြီးမြင့်သိန်းနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုကြသည်။

ထို့နောက် မော်တော်ယာဉ်များဖြင့် ထွက်ခွာရာ ခေတ္တတည်းခိုမည့် ပေကျင်းမြို့ ကျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ (Diaoyutai State Guesthouse) သို့ ရောက်ရှိကြသည်။ (သတင်းစဉ်)

No comments:

Post a Comment