Tuesday, April 28, 2015

တမူးမြို့၌ လေဘေးသင့်ပြည်သူများအား ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်




တမူး ဧပြီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး တမူး မြို့၌ လေဘေးသင့်ပြည်သူများအား ငွေနှင့်ပစ္စည်း ထောက်ပံ့ပေးအပ်ပွဲကို ဧပြီ ၂၆ ရက် နံနက် ၈ နာရီက တမူး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တမူးခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော် က လေဘေးဖြစ်ပွားမှု အခြေအနေ၊ အလှူငွေနှင့် ပစ္စည်းလက်ခံရရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြ ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာမြင့်သိန်းက လေဘေးသင့် ပြည်သူများအား နှစ် သိမ့်အားပေးစကား ပြောကြားသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ နေအိမ်ပြိုပျက် သွားသူ ကိုးဦးအတွက် တစ်ဦးလျှင် ငါးသောင်းနှုန်း၊ တိုင်းဒေသကြီး ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ သေဆုံးသူ နှစ်ဦး အတွက်တစ်ဦးလျှင်ငွေကျပ် တစ်သိန်း နှုန်း၊ နေအိမ်ပြိုပျက်သွားသူ ကိုးဦး အတွက် တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှင့် ပစ္စည်းကိုးမျိုး၊ သာမန် ပျက်စီးသည့် နေအိမ် ၈၉ အိမ် အတွက် ပစ္စည်းလေးမျိုး၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ သေဆုံးသူနှစ်ဦးအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းနှုန်း၊ ဒဏ်ရာရရှိသူ တစ်ဦးအတွက် ငွေကျပ်တစ်သိန်း တို့ကို တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ကြရာ သေဆုံးသူများ၏ မိသားစုဝင်များနှင့် လေဘေးသင့် ပြည်သူများက လက်ခံယူကြပြီး လေဘေးသင့် ပြည်သူများကိုယ်စား တမူးမြို့ မြို့မရပ်ကွက်နေ လေဘေး သင့်ပြည်သူ ဦးမြင့်သိန်းက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများ သည် ပျက်စီးသွားသော လူနေအိမ် များနှင့် နိုင်ငံပိုင်အဆောက်အအုံ များ၊ သာသနိကအဆောက်အအုံများ ကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့သည်။

တမူးမြို့တွင် ဧပြီ ၂၂ ရက် ည ၇ နာရီ မိနစ် ၂ဝ ခန့်က လေပြင်း တိုက်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံး ပြီး တစ်ဦးဒဏ်ရာရရှိကာ လူနေအိမ် ၉၈ လုံး၊ စာသင်ကျောင်း ခုနစ် ကျောင်း၊ သာသနိကအဆောက်အအုံ ကိုးလုံး၊ ဌာနဆိုင်ရာနှင့် ဧည့်ရိပ်သာ ကိုးလုံး၊ ဝန်ထမ်းအိမ်ရာ လေးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)

No comments:

Post a Comment