Tuesday, March 31, 2015

နိုင်ဂျီးရီးယားရွေးကောက်ပွဲ မဲလိမ်သည်ဟုစွပ်စွဲမှုဖြင့် ဆန္ဒပြ



 

လေဂို့စ် မတ် ၃ဝ
နိုင်ဂျီးရီးယားနိုင်ငံတွင် အထွေ ထွေ ရွေးကောက်ပွဲ ကျင်းပစဉ် မဲလိမ်သည်ဟုဆိုကာ ထောင်ပေါင်း များစွာသော အတိုက်အခံပါတီ ထောက်ခံသူများက ဆန့်ကျင်ဆန္ဒပြ ခဲ့ကြပြီး ရွေးကောက်ပွဲကို ပြန်လည် ကျင်းပပေးရန်လည်း တိုက်တွန်း ဆော်သြလိုက်သည်။
အောပရိုဂရက်ကွန်ဂရက်ပါတီ ၏ ဦးဆောင်မှုဖြင့် အဆိုပါဆန္ဒပြ ပွဲကို တနင်္ဂနွေနေ့က တောင်ပိုင်း ရစ်ဗားစတိတ်ပြည်နယ် မြို့တော် ပို့ဟာကောက်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲ ဆန္ဒပြ မှုအပေါ် စိုးရိမ်မိကြောင်း၊ စိတ်ပျက် ဖွယ်ရာဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကြောင့် တောင်ပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူးများကို အစားထိုး ရဖွယ်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အက်တာဟီရု ဂျီဂါက ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် စွပ်စွဲမှုများအပေါ် ဆက် လက်စုံစမ်းသွားမည်ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲ ပြန်လည်ကျင်းပရေး တောင်းဆိုမှုအပေါ် မေတ္တာရပ်ခံ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။
ဆန္ဒပြသူများက ရွေးကောက်ပွဲ ကာလအတွင်း အတိုက်အခံများ သေဆုံးခဲ့ရမှုအပေါ် သမ္မတ ဂွတ်လပ် ဂျိုနသန်၏ပါတီကို အပြစ်ပြောဆို လျက်ရှိသည်။
(ပရက်စ်တီဗွီ)

No comments:

Post a Comment