Tuesday, March 31, 2015

အီရန်နှင့် အင်အားကြီးခြောက်နိုင်ငံတို့ နျူကလီးယားအရေးသဘောထားကွဲလွဲမှု အကြိတ်အနယ်ဆွေးနွေး



 

ဆွစ်ဇာလန် မတ် ၃ဝ
အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များသည် တီဟီ ရန်၏ နျူကလီးယားပြဿနာအဆုံးသတ်ရေး စာချုပ် ချုပ်ဆိုရန် ကန့်သတ်ထားသော အချိန်ကာလမကုန်ဆုံးမီ ကြိုတင် သဘောတူညီမှုပြုလုပ်ရန်အတွက် တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အီရန်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား နှင့် တရုတ်တို့သည် ဆွစ်ဇာလန်နိုင်ငံ လောဆိန်းမြို့တွင် နျူကလီးယားပြဿနာ၏ ထွက်ပေါက်မရှိသည့် အခြေ အနေကို ဖြေရှင်းရန် အကြိတ်အနယ် ဆွေးနွေးခဲ့ကြ သည်။
သို့သော် သဘောတူညီချက် မူဘောင်အတွင်းသို့ ရောက်ရှိရန် ကြိုးပမ်းမှုကို ပြိုကွဲခြင်းမရှိစေရေး အာဏာပိုင် များက သတိပေးခဲ့သည်။
အင်အားကြီး ခြောက်နိုင်ငံတို့က အီရန်၏ နျူကလီးယားစမ်းသပ်မှုကို ၁ဝ နှစ်ထက်ပို၍ ရပ်ဆိုင်း ထားစေလိုကြသည်။ တီဟီရန်က ၄င်း၏စီးပွားရေးကို ယိုယွင်းစေသည့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများ ကို ဖယ်ရှားပေးလျှင် ၄င်း၏နျူကလီးယားဆောင်ရွက် မှုကို အတိုင်းအတာတစ်ခုအထိ ရပ်တန့်မည်ဟု တောင်းဆို ခဲ့သည်။
အနောက်နိုင်ငံများမှ အီရန်အပေါ် အရေးယူ ကန့်သတ်မှုများကို အမြန်ဆုံး ရုတ်သိမ်းပေးရန် ညှိနှိုင်း နေကြပြီး အီရန်အနေဖြင့် နျူကလီးယားသုတေသန ဆောင်ရွက်မှုကို မည်မျှဆောင်ရွက်ခွင့်ရရှိရန် ဆွေးနွေး ခြင်းဖြစ်သည်ဟု ဆိုသည်။
(ဘီဘီစီ)

No comments:

Post a Comment