Wednesday, March 4, 2015

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲကျင်းပ




 နေပြည်တော် မတ် ၃


ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဒသမအကြိမ် သြဝါဒ ခံယူပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ရှိ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ စေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာ တော်ကြီးများ ကြွရောက်ချီးမြှင့် တော်မူကြပြီး စေတီတော်ဂေါပက အဖွဲ့၏ နာယကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးဝင်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးသန်းဌေး၊ စေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်သြဝါဒ ခံယူကြသည်။
ရှေးဦးစွာ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါ စရိယ ဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ နာယကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ဦးစိုးဝင်းတို့က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြကြ သည်။
ယင်းနောက် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သြဝါဒကထာ မိန့်ကြားတော်မူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါ စရိယဆရာတော် နိုင်ငံတော် သြဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရု ဈေးကုန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကဝိသာရ ဟောကြားချီးမြှင့်တော်မူသည့် ရေစက်ချအနုမောဒနာတရားကို နာယူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment