Tuesday, March 31, 2015

မည်းသင်းမြို့နယ်အတွင်း ဒေသအချို့တွင် နွားစာရှားပါးနေ



ရမည်းသင်း မတ် ၃ဝ

မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့နယ်အတွင်းရှိ ဒေသအချို့ တွင် နွားစာကောက်ရိုးများ ရှားပါး နေ၍ အခြားကျေးရွာများမှ ကောက် ရိုးများဝယ်ယူကျွေးမွေးနေရကြောင်း သိရသည်။
ယခင်နှစ်က မိုးနှောင်းကာလတွင် မိုးရွာသွန်းမှု နည်းသောကြောင့် ရမည်းသင်းမြို့နယ်အတွင်းရှိ မိုးရေ ကို အားကိုး၍ စပါးစိုက်ပျိုးသော ဒေသအချို့တွင် စပါးအောင်မြင် ဖြစ်ထွန်းမှုနည်းပါးခဲ့ရာ စပါးနှင့် ကောက်ရိုးထွက်ရှိမှုလည်း နည်းပါး ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စပါး အောင်မြင်ဖြစ်ထွန်းသော ဆည်ရေ သောက်စပါးစိုက်သည့် ဒေသများမှ ကောက်ရိုးများကို ဝယ်ယူနေရခြင်း ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်က ကောက်ရိုးဝယ်သူ နည်းသော်လည်း ယခုနှစ်တွင် နွား စာရှားပါးမှုကြောင့် အနယ်နယ် အရပ်ရပ်မှ လာရောက်၍ ကောက်ရိုး ဝယ်ယူသူများရှိနေကြောင်း၊ မိုးမကျ မီ အချိန်အထိ နွားစာရှားပါးနေမည် ဖြစ်ရာ ကောက်ရိုးဝယ်ယူမှုရှိနေနိုင် ကြောင်း အင်ကြင်းကန်အုပ်စုမှ ကောက်ရိုးရောင်းချနေသူ တောင်သူ တစ်ဦးက ပြောသည်။

စပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည့် အင်ကြင်းကန်အုပ်စု၊ ကတင် အုပ်စု၊ သက်ကယ်ခြံကျေးရွာစသည့် ဒေသများမှ ကောက်ရိုးများကို ဝယ်ယူနေကြရခြင်းဖြစ်ပြီး လှည်း တစ်စီးအပြည့်ကို ငွေကျပ် ၁ဝဝဝဝ၊ ကားဖြင့်တင်ပါက ကားအကြီး အသေးအပေါ်မူတည်၍ ငွေကျပ် ၂ဝဝဝဝ မှ ၆ဝဝဝဝ ဝန်းကျင်အထိ ဈေးပေးဝယ်ယူရကြောင်း သိရသည်။
အတ်ကလေး(ရမည်းသင်း)

No comments:

Post a Comment