Tuesday, March 31, 2015

မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ အပြိုင်ခေါ်ယူဖို့ ကြိုးစားနေတဲ့ အဲဗာတန်ကြယ်တစ်ပွင့်



အဲဗာတန်အသင်းရဲ့ နာမည်ကြီးကစားသမား ရော့စ် ဘာကလေကို ပရီမီယာလိဂ်ထိပ်သီး ချယ်လ်ဆီးနဲ့ မန်စီး တီးတို့က အပြိုင်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါ တယ်။ ရော့စ်ဘာကလေကို ပေါင်သန်း ၅ဝ အထိ ဈေး ပေးပြီး ခေါ်ယူဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။ မန်စီးတီး က မူလပထမတွင် ပေါင်သန်း ၃ဝ ပေးပြီး ကမ်းလှမ်းခဲ့ပြီး နောက်ထပ်ပေါင်သန်း ၂ဝ ထပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အဲဗာတန်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က တော့ ရော့စ်ဘာကလေကို ရောင်းထုတ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း ဆိုပါတယ်။ နောက်တန်းကစားသမား ရော့စ်ဘာကလေကတော့ အသင်းကြီးတွေ ခေါ်ယူဖို့ ကြိုးစားနေပေမယ့် သူ့အနေနဲ့ အဲဗာတန်မှာပဲ ကစားသွား ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment