နေပြည်တော် မတ် ၃
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် တွင်ရှိသော
ချယ်ရီဈေးလေးမှာ အလွန်စည်ကားသော ဈေးလေး ဖြစ်သည်။ ၄င်းဈေးလေးသည် အရာ
ထမ်း/ဝန်ထမ်းအိမ်ရာတွင်ရှိသော ဈေးလေးဖြစ်သောကြောင့် စနေ၊
တနင်္ဂနွေရုံးပိတ်ရက်များတွင် ပိုမို စည်ကားသည်။
ရပ်ကွက်အတွင်းရှိ ပြည်သူများ သာမက အားကစားလေ့ကျင့်ရေး စခန်း(Gold Camp)တွင် နေထိုင် ကြသော ရပ်နီးရပ်ဝေးမှ အားကစား မောင်မယ်များ၊ စိုက်ခင်းသုံးကျေးရွာ မှပြည်သူများ လာရောက်ဝယ်ယူ အားပေးကြသော ဈေးလေးဖြစ်သည်။
အဆိုပါဈေးလေးတွင် ဈေးရုံသုံးရုံ သာ ဖွဲ့စည်းပေးထားသော်လည်း ဝယ်လိုအား များလာသည့်အတွက် ရောင်းချနေသည့် ဆိုင်ခန်းအင်အား နည်းနေ၍ ခေါင်းရွက်ဗျပ်ထိုးဈေး သည်(ပျံကျ)သာ ရောင်းချခွင့်ပြုထား သော နေရာတွင် မိမိအစီအစဉ်နှင့် ဆိုင်ခန်းများ ဆောက်လုပ်၍ရောင်းချ နေသည်ကို တွေ့ရသည်။
ထိုဈေးသို့ လာရောက်ဝယ်သော ပြည်သူတစ်ဦးက ''ဒီဈေးလေးက အလွန်စည်ကားနေပြီ။ ဒါကြောင့် လည်း ဈေးရောင်းချလိုသူတွေက ရုံသုံးရုံပေါ်မှာ ဆိုင်ခန်းတွေမရှိ တော့လို့လား တော့မသိဘူး၊ အောက် မှာပဲ ဖြစ်သလိုဆောက်ပြီး ဈေး ရောင်းနေရတယ်။ တကယ်လို့ သက်ဆိုင်ရာကသာ ဆိုင်ခန်းတွေကို စနစ်တကျနဲ့ ထပ်ဆောက်ပေးရင် အဆင်ပြေမယ်ထင်တယ်။ အခုတော့ ဆိုင်ခန်းတွေက ဝါးတို့ သစ်တို့ မိုး ကာတို့နဲ့ ဆောက်ထားတဲ့အတွက် မီးဘေးစိုးရိမ်ရသလို၊ တစ်ခန်းနှင့် တစ်ခန်းကပ်နေတော့ လူစည်ကား တဲ့နေ့တွေဆို ခိုးမှု အလစ်သုတ်မှု တွေခဏခဏဖြစ်နေတယ်ဗျာ။
မလိုလားအပ်တဲ့ ပြဿနာတွေ ပပျောက် သွားအောင် ဆိုင်ခန်းတွေကို စနစ် တကျနဲ့ ဆောက်လုပ်ပေးစေချင် တယ်။ ဒါဆိုရင် မှုခင်းတွေ လျော့ နည်းသွားပြီး မီးဘေးလည်း မစိုးရိမ် ရတော့ဘူး၊ နေပြည်တော်မြို့တော်ရဲ့ အင်္ဂါရပ်နဲ့ညီတဲ့ ဈေးလေးလည်း ဖြစ်သွားတာပေါ့'' ဟု ပြောကြား သည်။
သန်းနိုင်(ဇမ္ဗူသီရိ)

No comments:
Post a Comment