Tuesday, March 31, 2015

ပြည်သူ့လွှတ်တော်အစည်းအဝေး



 

အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက် နှစ်အလိုက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မတ် ၃ဝ
ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ချောက်မဲဆန္ဒနယ်မှ ဦးသိန်းလွင်၏ ချောက်မြို့နယ်အပါအဝင် မိုးနည်း ရေရှားဒေသများ၌ သောက်သုံးရေ ရှားပါးမှုအခက်အခဲကို အထူးစီမံချက် တစ်ရပ်ချမှတ်ဖြေရှင်းပေးရန် အစီ အစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်အေးက စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးများ အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ များ၏ အစီအစဉ်များဖြင့်လည်း ကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးစီမံချက်တစ်ရပ် ရေးဆွဲ၍လည်းကောင်း ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် အပူ ပိုင်း မိုးနည်းရပ်ဝန်းဒေသ၏ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက် ၂ဝ၁၃-၂ဝ၁၄ မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အထိရေးဆွဲထားရှိ၍ နှစ်အလိုက် ဆောင်ရွက်လျက်ရှိ ပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက် ပလက်ဝမဲဆန္ဒနယ်မှ ဦးပိုက်လင်း၏ သိပ္ပံတွဲဖြင့် (၁ဝ)တန်း အောင်သူကျောင်းသား ကျောင်းသူ များသည် သိပ္ပံလက်တွေ့သင်တန်း ကို အပတ်စဉ် စနေ/ တနင်္ဂနွေနေ့များ အစား တစ်ပတ်နှစ်ပတ် ဆက်တိုက် သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က အဝေးသင် သင်ကြားရေးတွင် အနီးကပ်သင်တန်း များသင်ကြားပို့ချခြင်း၊ သိပ္ပံလက်တွေ့ သင်တန်းများသင်ကြားပို့ချပေးခြင်း၊ စာမေးပွဲများ စစ်ဆေးခြင်းလုပ်ငန်းများ ကို ပုံမှန်တက္ကသိုလ်များ၏ စာသင်ခန်း များကိုအသုံးပြု၍ အဆိုပါတက္ကသိုလ် များမှ ဆရာ၊ ဆရာမများကသင်ကြား ပို့ချပေးလျက်ရှိပါကြောင်း၊ ပုံမှန် သင်တန်းများ နားရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေများတွင် သိပ္ပံလက်တွေ့ အခန်းများကိုအသုံးပြု၍ သင်ကြား ပို့ချပေးလျက်ရှိပါကြောင်း။
သိပ္ပံဘာသာရပ်များ၏ သဘော သဘာဝအရ သိပ္ပံလက်တွေ့ (Practical)မပြုလုပ်မီ စာတွေ့(Theory) ကို ကြိုတင်သင်ကြားပေး ရပါကြောင်း၊ ယခုလက်ရှိတွင် စာတွေ့သင်ပြီးမှ လက်တွေ့ကို (၂)ပတ်လျှင် တစ်ကြိမ်ပြုလုပ်စေခြင်းသည် သိပ္ပံ သင်တန်းသားများအတွက် ထိရောက်သောသင်ကြားပို့ချမှုဖြစ်ပါကြောင်း၊ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့အစားတစ်ပတ်၊ နှစ်ပတ်ဆက်တိုက် သင်ကြားပေးမည်ဆိုပါက စာတွေ့ ကြိုတင်လေ့လာရမည့် အချိန်မရှိတော့ သဖြင့် ထိရောက်သော သင်ကြား သင်ယူမှုလည်း မဟုတ်တော့ပါ ကြောင်းနှင့် သိပ္ပံလက်တွေ့သင်တန်း များကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ များအစား တစ်ပတ်၊ နှစ်ပတ်ဆက် တိုက်သင်ကြားပေးရန် အစီအစဉ် မရှိသေးပါကြောင်းဖြင့် ဖြေကြား သည်။
(သတင်းစဉ်)

No comments:

Post a Comment