Tuesday, March 31, 2015

ယီမင်တွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများကို ပြန်လည်ခေါ်ယူ




'ယီမင်တွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများကို ပြန်လည်ခေါ်ယူ
=========================================

ပေကျင်း    မတ်     ၃ဝ 

ယီမင်နိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသဖြင့် ယီမင်နိုင်ငံတွင် ရောက်ရှိနေကြသည့် တရုတ်နိုင်ငံသား ၅ဝဝ ကျော်အား စစ်သင်္ဘောများဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

ယမန်နေ့က တရုတ်နိုင်ငံသား ၁၂၂ ဦးကို ယီမင်နိုင်ငံ အေဒင်မြို့မှ အာဖရိကန်နိုင်ငံ တစ်ခုဖြစ်သော ဂျီဘူတီနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ ဂျီဘူတီနိုင်ငံရှိ တရုတ်သံရုံးက  တရုတ်နိုင်ငံသို့  ပြန်လည်သွားရောက် နိုင်ရေးအတွက် လိုအပ်သည်များကို  ကူညီပေးလျက်ရှိသည်။ 

တရုတ်အစိုးရက အေဒင် ပင်လယ်ကွေ့နှင့် ဆိုမာလီရေပိုင်နက်များတွင် ပင်လယ်ဓားပြစစ်ဆင်ရေးများ လုပ်ဆောင်လေ့ရှိသည့် ရေတပ်သင်္ဘောများကို ယီမင်နိုင်ငံရှိ  တရုတ်နိုင်ငံသားများ ပြောင်းရွှေ့ရာတွင် ကူညီပေးရန် ယီမင်နိုင်ငံသို့စေလွှတ်ခဲ့သည်။

ယခုအချိန်တွင် ယီမင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် တီရန်ကီနှင့် သံရုံးဝန်ထမ်းများက ယီမင်နိုင်ငံတွင် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိပြီး ယီမင်နိုင်ငံတွင် ကျန်ရှိနေသေးသည့် တရုတ်နိုင်ငံသား ၄ဝဝ ကျော်ကို ဘေးကင်းစွာနှင့်တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိရေးအတွက် ကူညီပေးနေသည်။ 

ယီမင်နိုင်ငံတွင် လုံခြုံရေးလျော့ကျ လာချိန်ကစပြီး တရုတ်အစိုးရက ၎င်း၏ နိုင်ငံသားများ ဘေးကင်းလုံခြုံမှုရှိရေးအတွက် ကူညီမှုများပေးလျက်ရှိသည်။ 

ယခုအချိန်တွင် နိုင်ငံရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ယီမင်နိုင်ငံရှိ  ပြည်သူများသည် ဟူသီ စစ်သွေးကြွများနှင့်   ယီမင်သမ္မတ သစ္စာခံတပ်ဖွဲ့များအကြား နေ့စဉ်  ပစ်ခတ်မှုများနှင့် ကြုံတွေ့နေကြရသည်။    ဆင်ဟွာ။'

ပေကျင်း မတ် ၃ဝ 

ယီမင်နိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသဖြင့် ယီမင်နိုင်ငံတွင် ရောက်ရှိနေကြသည့် တရုတ်နိုင်ငံသား ၅ဝဝ ကျော်အား စစ်သင်္ဘောများဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

ယမန်နေ့က တရုတ်နိုင်ငံသား ၁၂၂ ဦးကို ယီမင်နိုင်ငံ အေဒင်မြို့မှ အာဖရိကန်နိုင်ငံ တစ်ခုဖြစ်သော ဂျီဘူတီနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ ဂျီဘူတီနိုင်ငံရှိ တရုတ်သံရုံးက တရုတ်နိုင်ငံသို့ ပြန်လည်သွားရောက် နိုင်ရေးအတွက် လိုအပ်သည်များကို ကူညီပေးလျက်ရှိသည်။
တရုတ်အစိုးရက အေဒင် ပင်လယ်ကွေ့နှင့် ဆိုမာလီရေပိုင်နက်များတွင် ပင်လယ်ဓားပြစစ်ဆင်ရေးများ လုပ်ဆောင်လေ့ရှိသည့် ရေတပ်သင်္ဘောများကို ယီမင်နိုင်ငံရှိ တရုတ်နိုင်ငံသားများ ပြောင်းရွှေ့ရာတွင် ကူညီပေးရန် ယီမင်နိုင်ငံသို့စေလွှတ်ခဲ့သည်။
ယခုအချိန်တွင် ယီမင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် တီရန်ကီနှင့် သံရုံးဝန်ထမ်းများက ယီမင်နိုင်ငံတွင် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိပြီး ယီမင်နိုင်ငံတွင် ကျန်ရှိနေသေးသည့် တရုတ်နိုင်ငံသား ၄ဝဝ ကျော်ကို ဘေးကင်းစွာနှင့်တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိရေးအတွက် ကူညီပေးနေသည်။

ယီမင်နိုင်ငံတွင် လုံခြုံရေးလျော့ကျ လာချိန်ကစပြီး တရုတ်အစိုးရက ၎င်း၏ နိုင်ငံသားများ ဘေးကင်းလုံခြုံမှုရှိရေးအတွက် ကူညီမှုများပေးလျက်ရှိသည်။

ယခုအချိန်တွင် နိုင်ငံရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ယီမင်နိုင်ငံရှိ ပြည်သူများသည် ဟူသီ စစ်သွေးကြွများနှင့် ယီမင်သမ္မတ သစ္စာခံတပ်ဖွဲ့များအကြား နေ့စဉ် ပစ်ခတ်မှုများနှင့် ကြုံတွေ့နေကြရသည်။ ဆင်ဟွာ။

No comments:

Post a Comment