Sunday, March 1, 2015

ရတနာဆင်ဖြူတော် ပေါ်ထွန်း

'ရတနာဆင်ဖြူတော် ပေါ်ထွန်း

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေ မန်နေဂျာဦးထွန်းထွန်းဦး၊ လက်ထောက်အထွေထွေ မန်နေဂျာ ဒေါက်တာစည်သူဝမ်ထွန်းတို့  ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် အဖွဲ့က ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်း အကွက်အမှတ် (၈) သစ်ပုတ်ချောင်းဖျား၌  ဖေဖော်ဝါရီ ၂၇ ရက်  နံနက် ၁၁ နာရီ ၁၅  မိနစ်တွင် ရတနာဆင်ဖြူတော် တစ်စီးအား တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ရတနာဆင်ဖြူတော်သည် အမဖြစ်ပြီး ကြန်အင်လက္ခဏာများမှာ အသက်(၇)နှစ်(ခန့်မှန်း)၊ အရပ် အမြင့် ၆ ပေ ၃ လက်မ(ခန့်မှန်း)၊ ကိုယ်လုံးပတ် ၈ ပေ  ၈လက်မ(ခန့်မှန်း)၊ ကျောကုန်းမှာငှက်ပျောကိုင်း၊ နားရွက် (နားလတ်)၊ မျက်လုံး(ပုလဲရောင်)၊ အမြီးတံခါးစောင်း (၂ ပေ ၇ လက်မ)၊ ခြေသည်းရှေ့(၅x၅) လက်မ၊ နောက် (၄x၄) လက်မ၊ အသားရောင် (ပန်းနုရောင်)ဖြစ်ကြောင်း သိရသည်။

ယခုဆင်ဖြူတော်သည် နဝမမြောက်ဆင်ဖြူတော် ဖြစ်ပြီးယခုနှစ်ဦးတွင် ရတနာဆင်ဖြူတော်ပေါ်ထွန်းလာခြင်းသည် နိုင်ငံတော်အတွက် ကျက်သရေမင်္ဂလာအဖြာဖြာ တိုးပွားစေပြီး ပြည်သူများဘေးရန်ကင်းကွာ၍ သာယာဖွံ့ဖြိုး တိုးတက်စေမည့် နိမိတ်လက္ခဏာဖြစ်စေကြောင်းနှင့် ရတနာဆင်ဖြူတော်ကို ရေသိုးစခန်းတွင် မှိန်းသင်ကြား နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)'

(သတင်းစဉ်)

No comments:

Post a Comment