ရန်ကုန် ဖေဖော်ဝါရီ ၂၃
သတ္တမအကြိမ် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တမအစည်းအဝေး
ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာကမ္ဘာအေး
ကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ယနေ့နံနက် ၈ နာရီ၌ ကျင်းပသည်။အဆိုပါ အစည်းအဝေးသို့ နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီး များ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သာသနာရေးမှူးများ၊ သာသနာရေး ဦးစီးဌာနမှ အရာထမ်းများ တက် ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က သဘာပတိအဖြစ်ဆောင်ရွက်တော်မူ ပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာ တော် ဘဒ္ဒန္တအဂ္ဂဓမ္မ (အဂ္ဂမဟာ ပဏ္ဍိတ ဒွိပိဋကဓရ)က အခမ်းအနား မှူးအဖြစ် ဆောင်ရွက်တော်မူသည်။
၎င်းနောက် အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင် ကြောင်းနှင့် ကြွရောက်တော်မူလာကြ သော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက် ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးထမြောက်အောင်မြင် ကြောင်း ကြေညာသည်။
ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ဆောင်ရွက်ချက် များအနက် ဝိနိစ္ဆယရေးရာဆောင်ရွက် ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရဓဇ ကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များ အပေါ် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရ ကလည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များ အပေါ် ဓမ္မာစရိယဘဒ္ဒန္တအင်္ကုရ ဆရာတော်ကလည်းကောင်း ဝေဖန် ဆွေးနွေးတော်မူကြသည်။
ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်များ အကြံပြု တင်ပြလာသော ကိစ္စများနှင့် စပ်လျဉ်း ၍လည်းကောင်း၊ သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး အစီအစဉ်များ ကို အတည်ပြုချက်ရယူရန် ကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း၊ တိုင်းဒေသ ကြီး/ပြည်နယ်များအတွင်းရှိ သာ သနာရေးဆိုင်ရာကိစ္စများနှင့် စပ် လျဉ်း၍လည်းကောင်း ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး နံနက်ပိုင်း အစည်းအဝေးကို ခေတ္တရပ်နားသည်။
မွန်းလွဲ ၁ နာရီတွင် အစည်း အဝေးကို ပြန်လည်ကျင်းပရာတွင် သာသနာရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခြင်း၊ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ တာဝန်ကျရာကာလ အတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ နှင့် စပ်လျဉ်း၍လည်းကောင်း ဝေဖန် ဆွေးနွေး ဆုံးဖြတ်တော်မူကြခြင်း အပေါ် ဝိနိစ္ဆယရေးရာဆောင်ရွက် ချက်များအပေါ် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဝိမလာစာရ ဆရာ တော်ကလည်းကောင်း၊ သာသနာ ရေးရာ ဆောင်ရွက်ချက်များအပေါ် စေတိယင်္ဂဏ ဘဒ္ဒန္တသီလာစာရာ ဘိဝံသကလည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဓမ္မာစရိယ၊ အစိုးရ ဓမ္မာစရိယ ဘဒ္ဒန္တစိန္တိတာလင်္ကာရ ဆရာတော်ကလည်း ပြန်ကြား လျှောက်ထားတော်မူသည်။
ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တတိယအဖွဲ့ခွဲ၏ ဒုတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင် ရွက်ချက်အစီရင်ခံစာကို တွဲဖက် အကျိုးတော်ဆောင်ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ဒွိပိဋကဓရ ဘဒ္ဒန္တ အဂ္ဂ ဓမ္မက အတည်ပြုချက်ရယူတော် မူသည်။
အစည်းအဝေးသို့ ကြွရောက် တော်မူလာကြသည့် ဆရာတော်များ အားလုံးက ''ဇယန္တော ဗောဓိယာ မူလေ'' အစချီသော (၂)ဂါထာကို သုံးကြိမ်ခေါ်ဆိုလျက် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တမအစည်းအဝေး ဒုတိယနေ့ကို မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းလိုက်သည်။
ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းဆက်ကပ်လှူဒါန်းသော အလှူ ရှင်မှာ ကျိုက္ကဆံဝေဠုဝန်(ရွှေကျင်)ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မာနိတနှင့် တပည့် ဒါယကာ ဒါယိ ကာမများမှ (စုဒ္ဒသမအကြိမ်မြောက်) ဆွမ်းဆက်ကပ် လှူဒါန်းကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment